Wednesday, 29 June 2016

လာဘ်မစားသော စံပြ ညွန်မှုး၊ ညွန်ချုပ်များ ၁၉၆၀-၂၀၀၈

အငြိမ်းစားထောင်အရာရှိတဦး ဦးစိန်ဌေး ဆောင်းပါးဖြစ်ပါတယ်။
အငြိမ်းစားထောင်အရာရှိတဦး
နရသိန် (ဦးစိန်ဌေး) ဆောင်းပါး၁၁ခု ကို စုပေါင်းထုတ်ဝေတဲ့ စာအုပ်ထဲက လာပ်စားမှုလုံးဝ နီးပါးမရှိတဲ့ ညွန်မှုး ညွန်ချုပ်များ တကယ်ဖြစ်ရပ် အကြောင်းပါ။ ၂၀၁၁ မှာ ဖေါ်ပြခဲ့ပြီး ၂၀၁၅မှာ စာအုပ်အဖြစ်ထုတ်ဝေပါတယ်။
သူကြုံခဲ့တဲ့ ထိုစံပြပုဂ္ဂိုလ်များကို အမည်နဲ့ဖေါ်ပြ မှတ်တမ်းတင်ထားပါတယ်။
* ကျိုင်းတုံက ဗိုလ်မှုးဘခင် (ညွန်ချုပ်) ဟင်းတခွက်ထဲစားပြီး ကြွေးတိုင်းမစား သူကပဲကြွေးတတ်သူ။
ဗိုလ်မှုးကြီးဘခင်ဟာ အလွန်ကြည်ညိုလေးစားဖို့ကောင်းတဲ့ လူကြီးလူကောင်း ဂုဏ်သရေရှိ ရှာမှရှားတဲ့ညွန်ချုပ်ကြီးပါ။ အိမ်ကိုလည်း မလာကြပါနဲ့။ ကိစ္စရှိရင် ရုံးမှာပဲ စကားပြောမယ်။ ရုံးကိုပဲလာခဲ့။ အိမ်ဆို ရှေ့ပေါက်ကလည်း မဝင်နဲ့။ နောက်ဖေးပေါက်ကလည်း မလာနဲ့။ မိန်းမနဲ့သားသမီးတွေကလည်း သူတို့အဖေ ဗိုလ်မှုးကြီးဘခင်ကို သိပ်ကြောက်ရတယ်။ သမီးတွေကိုသွားပေးလဲ မယူဘူး။ သားတွေကိုသွားပေးလို့လည်း မယူဘူး။ မယားသွားပေးပြန်တော့လည်း ယူဘို့မပြောနဲ့ စကားတောင်လက်ခံ မပြောရဲဘူးဗျာ။
* ဗိုလ်မှုးအေးနု (ညွန်မှုး) ကိုယ်ပိုင်အမှတ် ကြည်း/၅၇၀၆ ဘီအက်စီ အင်ဂျင်နီယာဘွဲ့ရ။
* ရဲမင်းကြီးဦးသန်းလှိုင်။ ဇာတိ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျားအိုရွာ။
* ရဲမင်းကြီးဦးတင်အုန်း ဇာတိ မြောင်းမြမြို့။
စာရေးသူ
နရသိန် (အငြိမ်းစား ထောင်ပိုင်ကြီး ဦးစိန်ဌေး)
.
.မှတ်ချက်
ယခုပြောင်းလဲလာတဲ့ခေတ်မှာ သူတို့လို ညွန်မှုး ညွန်ချုပ် အမြောက်အများ ပေါ်ထွက်လာကြပါစေ ဆုတောင်းပါတယ်။

 facebook link

Tuesday, 28 June 2016

New Myanmar ..တပ်မတော်သားများ၏ထောက်ခံမှုရရှိရေး

တပ်မတော်သားများ၏ထောက်ခံမှုရရှိရေး
ကျနော့်ညီ စစ်တပ်မှာ၁၀နှစ် စစ်ဗိုလ်အဖြစ်အမှုထမ်းပြီး အမှန်တရားစကားတွေပြောတတ်လွန်းတော့ ရွာပြင်ထုတ်ခံရပါတယ်။ ကရင်ပြည်နယ် မြဝတီစစ်စခန်းက တပ်ရင်းတစ်ခုမှာ စစ်ဗိုလ်အဖြစ် ၁၉၉၀ကျော်ခေတ် မဲသဝေါစစ်ပွဲတွေနဲ့ ကေအင်ဒီအိုဖြိုခွင်းခဲ့စဉ်က စစ်ဗိုလ်အဖြစ်ပါဝင်ခဲ့ပါတယ်။ ထုံးစံအတိုင်း သောက်စားပျော်ပါးတတ်ပြီး ရတဲ့ငွေကြေးဘေးပေါက်ဝင်ငွေတွေလဲ သောက်စားဖြုန်းတီးပါတယ်။ ၁၀နှစ်တိုင် စစ်မှုထမ်းပြီး သောက်စားမူးရစ် အမိန့်မနာခံခံမှုနဲ့ တပ်မတော် စစ်ခုံရုံးကထုတ်ပယ်ဖို့ ..သို့သော်လည်း အသနားခံစာနဲ့ သူ့ရဲ့ ရိုးသားမှု (လူရည်မလည်မှု) ကိုယ်ရေးရာဇဝင်ကြောင့် ဆေးပင်စင်နဲ့ပဲအနားပေးခံရပါတယ်။ သူ့အပြောကတော့ ကျနော်တို့စစ်တပ်မှာ ကိုယ်အောက်ငယ်သားကို အမိန့်မနာခံရင်ထိုးကြိတ်ဆုံးမ ပါတယ်..တဲ့။ သူကိုယ်တိုင်လဲ သောက်စားမူးရစ် အမှုတွေကြောင့် အထက်အရာရှိရဲ့ ထိုးကြိတ်ဆုံးမခြင်းအပြင် သူ့ရဲ့တပ်တွင်းရမ်းကားမှုတွေကြောင့် ထိတ်တုံးခပ်ထားခြင်းတောင် ခံရပါတယ်။ စစ်တပ်ဆိုတာ စည်းကမ်းလိုက်နာမှု (အထက်လူအမိန့်နာခံမှု)က နံပါတ်(၁) ဖြစ်ပါတယ်။
.
အခု သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက စစ်ဗိုလ်များ သောက်စားရမ်းကားခြင်း၊ လူထုရှေ့စစ်ဝတ်စုံနဲ့အနိုင်ကျင့်ခြင်း၊ မိမိမြို့နယ်များက လယ်မြေ၊ ဥယျာဉ်မြေများကို စစ်ဗိုလ်ဇနီးနာမည်နဲ့ ဧက၁၀၀၊ ၂၀၀ စသဖြင့် ခွဲတမ်းချပြီး တဆင့်ရောင်းစားခြင်းများ ရပ်သွားပြီဖြစ်ပါတယ်။ အလကားတိုက်တဲ့ အရက်သေစာနဲ့မူးရစ် အာဏာပြချင်တဲ့ ကျနော်ညီ စစ်ဗိုလ်လိုလူမျိုးကတော့ ကံကောင်းထောက်မလို့ တလ တသိန်းလောက်ရတဲ့ စစ်ဗိုလ်ပင်စင်လေးကြောင့် သူ့မိသားစုခံသာသွားတယ်။ ဒီလိုစစ်ဗိုလ်မျိုးက မြေကွက် ဧက ၁၀၀ ရအောင်လည်း မနေတတ်ဘူး။ စစ်ဗိုလ်ဘဝထွက်လာပြီး အရပ်ထဲမှာလဲ ငါစစ်ဗိုလ်ဟောင်း ဆိုတဲ့ စစ်သွေးကြွစိတ်ဓါတ်နဲ့ အထက်လူကြီးနဲ့အဆင်မပြေတော့ ..လုပ်တဲ့အလုပ်တိုင်း ပြသနာချည်းဖြစ်ရပါတယ်။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက်မှာတော့ မလုပ်တတ်တဲ့စစ်ဗိုလ်ဆိုရင် ဗိုလ်ချုပ်တောင်မှ ခပ်မွဲမွဲဖြစ်နေတယ်။ စီးပွားရေးလုပ်ဖို့လည်း အောက်ပါအရည်အချင်း ရှိသူတွေပဲ ပိုပြီးအဆင်ပြေကြပါတယ်။
.
စိတ်ပျက်စရာကတော့ သိန်းပေါင်း ထောင်သောင်းမက မြေကွက်၊ လယ်ခြံမြေတွေ ရောင်းစား၊ ပိုင်ဆိုင်ချမ်းသာနေတဲ့ စစ်ဗိုလ်ဟောင်းတွေက စစ်တပ်ကောင်းကြောင်း လူရှေ့မှာ မပြောကြပါဘူ။ ကျနော့်ညီလို လူမျိုးတွေပဲ ... ငါတို့တပ်မတော်မှာ ... ငါတို့တပ်မတော်က .. ငါတပ်ထဲနေတုန်းက ...စသဖြင့် ရွှေထီးဆောင်း အာဏာမတောက်တခေါက် ရခဲ့တာလေးကို စမြုန်ပြန်ပြောပြီး ပြောရင်းစစ်သွေးက ကြွလာချင်သေးတယ်။ မိသားစုလည်း အဆင်ပြေအောင် ဇနီးဖြစ်သူက မနည်းသည်းခံပေါင်းသင်းရပါတယ်။
.
.
ဆရာအရည်အသွေးမြှင့်တင်ရေး
.
လူထုအစိုးရ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီအစိုးရ) ကို လက်ရှိတပ်မတော်ထောက်ခံမှုရရှိအောင် တပ်မတော်ရဲ့ဆရာတွေ အရည်အသွေးမြှင့်တင်ပေးနေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ရိုးသားဖြောင့်မတ်စွာနေထိုင်ရင်း စစ်တပ်ထဲက မိန်းမရှုပ်တဲ့ စစ်ဗိုလ်တွေကို ထုတ်ပယ်တဲ့အထိ တဦး၊ နှစ်ဦးကို အရေးယူတော့ လိင်ကိစ္စရှုပ်တာတွေ နည်းပါးလာပါတယ်။ သောက်စားပျော်ပါးမှုတွေလည်း လူထုကြားမှာ နည်းပါးလာပါတယ်။ လစာထောက်ပံကြေးတွေလည်း ပိုမိုပေးထားပါတယ်။
.
ဒါနဲ့မပီးသေးပါဘူး။ လက်ရှိတပ်မတော်ရဲ့ ဆရာများဖြစ်တဲ့ အရာရှိကြီးများရဲ့ အရိုးစွဲနေတဲ့ ငါတို့တပ်မတော် ..စရိုက်လက္ခဏာတွေကို ပြောင်းလဲချိန်တန်ပြီး ဆောင်ပုဒ်နဲ့ ပြုပြင်ပြောင်းလဲခြင်းများမှာ ..အဓိက စားဝတ်နေရေးအပြင် သူတို့မိသားစုအတွက် ပညာရေး၊ ကျန်းမာရေးတွေလည်း ပံ့ပိုးမှု ပိုမိုလုပ်ပေးနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့ ပိုင်ဆိုင်တဲ့ ဂရေးဟောင်း ဆိုတဲ့ အဝေးပြေးကားအသင်းကြီးက ဘတ်စကားများစွာ တနိုင်ငံလုံး ခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားပါတယ်။ အမေရိကန်စစ်တပ်အငြိမ်းစား စစ်ဗိုလ်များမှာလည်း ပင်စင်နဲ့ဘောနပ် ဂရေးဟောင်းအဝေးပြေးကား ရှယ်ယာများရရှိပါတယ်။ ဆိုလိုတာကတော့ ဘယ်နိုင်ငံမဆို စစ်တပ်လက်ရှိအရာရှိကြီးများအတွက် ဘဝလုံခြုံမှုကို နိုင်ငံတော်က ဖန်တီးပေးနေကြပါတယ်။ မြန်မာပြည်လည်း ထိုင်းနိုင်ငံလို စစ်ပြန်များနဲ့လက်ရှိစစ်တပ်အတွက် စီးပွားရေးဦးပိုင်ကုမ္ပဏီကို တည်ထောင်ထားရပါတယ်။ မြန်မာနိုင်ငံ ဦးပိုင်ကတော့ ယူထားတာတွေ တော်တော်လွန်လွန်းပေမဲ့ ငွေကြေးအဓိကမဟုတ်၊ စစ်ဗိုလ်အရည်အချင်းသာ အဓိကဖြစ်တယ်ဆိုတာ တဖြေးဖြေး စစ်ဗိုလ်တွေ နားလည်လာကြပါတယ်။
.
စစ်ဗိုလ်အရည်အသွေး မျြင့်တင်ရေးကတော့ သူတို့ရဲ့ ပရိုဖက်ရှင်နယ် ဆိုတဲ့ စစ်တိုက်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးကိုပဲ အာရုံစူးစိုက်လုပ်ဖို့ပါ။ စာရေးသူ စစ်ဗိုလ်သင်တန်း ကျောင်းဆရာဗိုလ်မှုး၊ ဗိုလ်မှုးကြီးတွေနဲ့ စကားစမြီပြောဆိုတဲ့အခါ ..ကျနော် လယ်မြေ၊ ခြံမြေ ဝယ်ဖို့စုံစမ်းနေပါတယ်...ပြောလိုက်တာနဲ့ အဲဒီစစ်ဗိုလ်တွေက ယူနီဖောင်းမှ အားမနာ၊ သူတို့သိတဲ့ မြေ၊လယ်တွေကို ဝယ်ဖို့ ပြောလာပါတယ်။ ပေါ်ပင် အိမ်ခြံမြေပွဲစားလုပ်တဲ့ တပ်မတော်စစ်ဗိုလ် ဖြစ်သွားပါတယ်။ သူတို့လည်း ပေါ်ပင်အလုပ်၊ တချက်ထဲ ပွဲခ သိန်းပေါင်းများစွာ လိုချင်ကြတာကိုး. ဒီတော့ စစ်ဗိုလ်က စစ်တိုက်တဲ့ ပရိုဖက်ရှင်အလုပ် မလုပ်ချင်ပဲ၊ အိမ်ခြံမြေပွဲစား၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ပဲ စိတ်ဝင်စားနေတာ အရင်တပ်မတော် စစ်ဗိုလ်များရဲ့ အခြေအနေပါ။
အဲဒီအခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တာကတော့ တပ်မတော်မှာ ပရိုဖက်ရှင်နယ်စစ်တိုက်ကျွမ်းကျင်တဲ့ စစ်ဗိုလ်များများ ထုတ်လုပ်ပေးဖို့ပါ။
.
တပ်မတော်အရာရှိကြီးများ
.
ထွက်သွားတဲ့ အရာရှိကြီးများကတော့ ငွေထုတ်ပိုက်ပြီးအငြိမ်းစားယူ၊ အစိုးရအရာရှိကြီးဖြစ်သွားသူများ လူနည်းစုပါ။ အများစုကတော့ အရပ်ထဲမှာပဲ လခစား ကုမ္ပဏီဝန်ထမ်းပြန်ဖြစ်သွားပါတယ်။ စိတ်တွေ လျှော့ချပြီး လုပ်တတ်ရင် ဗိုလ်ကြီး၊ ဗိုလ်မှုးဟောင်းတွေ လစာ ၁၀သိန်းအထိ ရကြပါတယ်။ မိမိကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား ရှိတဲ့ စစ်ဗိုလ်ဟောင်းများက အဆင်ပြေပေမဲ့ အများစုက အဆင်မပြေပါဘူ။ ဒါပေမဲ့ သူတို့ရဲ့ စစ်ပင်စင် လစာလေးကလည်း မနည်းပါဘူး။
.
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်များကတော့ သူတို့ဆရာ တပ်ရင်းမှုး၊ တပ်မမှုးများ အစိုးရအရာရှိဖြစ်၊ ငွေ၊အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ ကျိကျိတက်ချမ်းသာသွားတဲ့ ဗိုလ်ချုပ်တွေကိုပဲ မြင်ကြပါတယ်။ ဗိုလ်ချုပ်တစ်ဦး (တပ်မတော်စာရင်းစစ်)လို သာမန်စစ်ဗိုလ်ဟောင်း လူမျိုးတွေကို မမြင်ကြပါဘူး။ ဟိုးတခေတ်က သစ္စာရှိတဲ့ လယ်ယာသစ်ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးတစ်ဦး တို့ဆိုရင် အင်မတန်ချို့တဲ့တာမျိုးတွေ ရှိပါတယ်။ လာဘ်မယူတတ်သူ၊ မယူချင်သူ တပ်မတော်အရာရှိဟောင်းများ၊ လက်ရှိတပ်မတော်အရာရှိများအတွက် သူတို့အနာဂါတ် မိသားစုအတွက် စိုးရိမ်စရာများရှိပါတယ်။
.
မိတ်ဆွေ အင်ဂျင်နီယာတပ်က ဗိုလ်မှုးတစ်ဦး အသက်၄၅နှစ်အရွယ်မှာ ပြောတယ်။ လူ့ဘဝမှာ ကိုယ်ပိုင်အိမ်မရှိတာ တော်တော်စိုးရိမ်စရာပဲ။ အခု အငြိမ်းစားယူမယ်ဆိုရင် ကိုယ့်မိသားစု တပ်မတော်စစ်တန်းလျားက ထွက်ပြီး အမေ့အိမ်ပြန်နေရမလိုဖြစ်နေတယ် ..ပြောပါတယ်။ အခု ၂၀၁၆ မှာ စစ်တပ်အငြိမ်းစား အသက်၅၀ကျော် ဖြစ်နေပါပြီ။ ကိုယ်ပိုင်အိမ်ရရှိရေးက အိပ်မက်ပမာ ဖြစ်နေဆဲပါ။
.
လက်ရှိတပ်မတော်အရာရှိ စစ်ဗိုလ်များဟာ စစ်တပ်ရဲ့ ဆရာများဖြစ်ပါတယ်။ ဆရာအကြီးစားများကတော့ ဗိုလ်ချုပ်ရာထူးအထက် အရာရှိကြီးတွေပါ။ အရာရှိကြီးများအတွက် လုပ်ပိုင်ခွင့်၊ အိမ်ခြံမြေတွေ ရထားတော့ မိသားစုအနာဂါတ် စိတ်ချရပေမဲ့၊ အရာရှိငယ်များအတွက် စစ်တပ်ပြုပြင်ပြောင်းလဲရေးမှာ အခက်ခဲဖြစ်နေပါတယ်။ သူတို့ရဲ့ စစ်ဗိုလ် ပရော်ဖက်ရှင်နယ် စစ်ပညာကို ထူးချွန်အောင်လုပ်ဖို့ ဝမ်းရေး၊ မိသားစုအရေးတွေနဲ့ ပူပန်နေရပါပြီ။ အရင် အစ်ကိုစစ်ဗိုလ်များလို လူထုကြားလျှောက်သွားပြီး ကြံဖန်လုပ်ကိုင် ဟောက်စား လုပ်လို့လဲ မရတော့ပါဘူး။
.
.
တပ်မတော်ဘတ်ဂျတ် (ကာကွယ်ရေးအသုံးစရိတ်)
.
ကမ္ဘာ့စီးပွားရေးမှာ အကောင်းဆုံး နံပါတ်(၁) ကတော့ စစ်လက်နက်အရောင်းအဝယ်ဖြစ်ပါတယ်။ ဒုတိယကတော့ မော်တော်ကားလုပ်ငန်း နဲ့ တတိယကတော့ မိုဘိုင်းဖုန်းလုပ်ငန်း တို့ဖြစ်ပါတယ်။ စားသောက်ကုန်၊ ဆေးဝါး၊ ကွန်ပြူတာ၊ ကမ်းလွန်ရေနံ၊ လေယာဉ် စတဲ့ လုပ်ငန်းများ အားလုံးမှာ မော်တော်ကားနဲ့မိုဘိုင်းဖုန်းတွေသုံးပြီး စီးပွားအကြီးကျယ်လုပ်နေပါတယ်။ စစ်လက်နက်လုပ်ငန်းကတော့ ကမ္ဘာ့နိုင်ငံတိုင်း တမျိုးသားလုံးထုတ်ကုန် ဂျီဒီပီ ရဲ့ ၁၀% ကနေ ၆၀% အထိ ကာကွယ်ရေးအသုံးစရိတ် အဖြစ် သုံးစွဲကြပါတယ်။ အစ္စရေး၊ စင်ကာပူ စတဲ့နိုင်ငံလေးများက ကောင်းပေ့ဆိုတဲ့ စစ်လက်နက်တွေ အကြီးကျယ်ဝယ်ယူတပ်ဆင်သလို၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှနိုင်ငံများလဲ စစ်သုံးစရိတ် ဂျီဒီပီရဲ့ ၂၀% အထက် သုံးနေကြပါတယ်။
.
တခြားနိုင်ငံအကြောင်းထက် မြန်မာနိုင်ငံအကြောင်း ရတဲ့ ကာကွယ်ရေးဘတ်ဂျတ်နဲ့ ခေတ်မှီစစ်လက်နက်များ ဝယ်ယူပြီး၊ စစ်ဗိုလ်များကို ပရိုဖက်ရှင်နယ်များဖြစ်လာရေးအတွက် ငွေကို ပုံအောသုံးလို့လဲ ဖြစ်မလာဘူးဆိုတာ လက်ရှိ မြန်မာ့တပ်မတော်ခေါင်းဆောင်များ ကောင်းကောင်းမှတ်သွားပါတယ်။ တရုပ်နိုင်ငံလုပ် စစ်ပစ္စည်းများကို အကြွေးဝယ်ယူရင်း မကိုင်တွယ်တတ်ခြင်း၊ စစ်ဗိုလ်များ သင်ကြားလို့မရခြင်းတွေကြောင့် မြန်မာ့တပ်မတော်ကြီး တရုပ်နယ်စပ်မှာ မျက်နှာဇီးရွက်လောက် ဖြစ်နေရပါပြီ။ ဟို ၁၉၉၀လောက်က အကြွေးဝယ်ခဲ့တဲ့ တရုပ်နိုင်ငံလုပ် စစ်ပစ္စည်းများကို ခြစားတဲ့စနစ်ကြီးကြောင့် ဝယ်ထားတဲ့ လေယဉ်၊သင်္ဘော၊ အမြောက်၊ တင့်ကားတွေ အားလုံးနီးပါး ပျက်စီးသွားကြတာ ဝမ်းနည်းစရာကောင်းပါတယ်။
.
ဒါလဲ မြန်မာ့တပ်မတော်က စစ်အာဏာရှင်စနစ် စွန့်လွှတ်ဖို့ အကြောင်းရင်းတစ်ခုပါ။ ၂၀၁၁မှာ အရပ်သား(စစ်ဗိုလ်ချုပ်ဟောင်းများ) နဲ့ အာဏာလွှဲပေးခဲ့ပြီး မြန်မာ့တပ်မတော် စစ်လက်နက်ပစ္စည်းများကို ရုရှား၊ ယူကရိန်းနိုင်ငံ၊ အစ္စရေးနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့ နိုင်ငံများက ဝယ်လာကြပါတယ်။ စစ်လက်နက်ပစ္စည်း ဝယ်တယ်ဆိုရင် အဲဒီနိုင်ငံမှာ ပညာသင်စေလွှတ်ရပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော် ပညာရှင်များစွာက တရုပ်ပြန်များထက် ရုရှား၊ ယူကရိန်း ပညာတော်သင်များ အချို့ဆို မာစတာ၊ ပီအိပ်ခ်ျဒီ ဘွဲ့များအထိ တတ်မြောက်လာကြပါတယ်။
ပညာသင်ပေးခြင်းကတော့ တပ်မတော်အရာရှိများ ဘဝ၊ သူတို့မိသားစုအနာဂါတ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ပညာသင်သွားစဉ် တလကို ကန်ဒေါ်လာ ထောင်နဲ့ချီပြီး ထောက်ပုံကြေးရလို့ ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်အိမ်ဝယ်နိုင်လာပါတယ်။ ဒီငွေကို ရင်းနှီးလုပ်ကိုင်ရင်း မြန်မာပြည်မှာ ဇနီးသည်၊ ဆွေမျိုးများ စီးပွားအဆင်ပြေလာပါတယ်။ ဒီတော့ စစ်ဗိုလ်ကလည်း သူ့ရဲ့ စစ်ပရိုဖက်ရှင်နယ်ကို စိတ်အေးအေး လိုက်စား၊ တိုးတက်နိုင်ပါတယ်။
.
ဒါကြောင့် စစ်လက်နက်ဝယ်တိုင်း ကိုယ်တပ်မတော်သား စစ်ဗိုလ်၊ အကြပ်တပ်သားများအတွက် နိုင်ငံခြားပညာသင် ရနိုင်သမျှ များများပို့ပေးဖို့ လိုပါတယ်။
.
.
စစ်အသုံးစရိတ်
.
စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းစရိတ်က စစ်သား၊ စစ်ဗိုလ်တွေရဲ့ လစာထောက်ပံ့ကြေး၊ ပင်စင်ထက် အဆပေါင်းများစွာ ကုန်ကျပါတယ်။ တချို့ မြန်မာနဲ့ရုရှားနိုင်ငံကြားမှာ စစ်လက်နက်ပွဲစားလုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ဟောင်းကြီးတွေဆို အင်မတန်ချမ်းသာလှပါတယ်။ အန္တရယ်ကြီးလို့ သူနဲ့မိသားစုအားလုံး ပြည်ပမှာပဲ နေထိုင်ကြပါတယ်။ ဆိုလိုတာကတော့ စစ်ဗိုလ်၊ တပ်ကြပ်အရာခံများရဲ့ ဘဝမြှင့်တင်ရေး၊ အနာဂါတ်လုံခြုံရေးကို လက်ရှိတပ်မတော်က လုပ်ဆောင်ပေးဖို့ အလွန်အရေးကြီးနေပါတယ်။
.
စစ်လက်နက်ပစ္စည်းများ ဘယ်လောက်ဈေးကြီးသလဲ၊ ဘယ်လောက်သုံးစွဲနေသလဲ ဆိုတာ မြန်မာအစိုးရက တရားဝင်မကြေငြာပေမဲ့ ကမ္ဘာ့စစ်လက်နက်အဖွဲ့အစည်းတွေကနေ အလွယ်တကူသိနိုင်ပါတယ်။ ဒေါ်လာသန်းတထောင်ဖိုးဝယ်ရင် သန်း၁၀၀ဖိုးလောက်တော့ စစ်ဗိုလ်များအတွက် သင်တန်းစေလွှတ်ဖို့ သုံးသင့်ပါတယ်။ ဒီတော့မှ တပ်မတော်သား ပညာရှင်များ နိုင်ငံခြားပညာသင်စရိတ်ရရှိပြီး စားဝတ်နေရေး အနေချောင်လာပါမယ်။
.
မြန်မာနိုင်ငံမှာ စစ်သား၊ ဘုရားသား၊ ကျောင်းသား မြောက်များစွာရှိနေရာမှာ စစ်သား ၅သိန်းလောက်ရဲ့ လစာထောက်ပုံကြေး အသုံးစရိတ်ကလည်း မနည်းပါဘူး။ အရေအတွက်ထက် အရည်အချင်း ဦးစားပေးခြင်း အစ္စရေး၊ အိန္နယ၊ တရုပ် စစ်တပ်များပုံစံ လုပ်နေပါတယ်။ အိန္နိယမှာဆို စစ်သားအဖြစ် ဝင်ခွင့်ရရှိရေးအတွက် ပညာအရည်ချင်းသတ်မှတ်ထားတဲ့အပြင် တင်းကြပ်၊ခိုးချမရတဲ့ စာမေးပွဲဖြေရပါတယ်။ ဖြေသူဆယ်ယောက်မှာ တစ်ယောက်ပဲ စစ်သားအဖြစ်ရွေးချယ် သင်တန်းပေးပါတယ်။ အဲဒီ စစ်သားရဲ့ မိသားစုနဲ့အနာဂါတ် ပင်စင်၊ ထောက်ပံ့ကြေးတွေကလဲ မက်မောလောက်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် အိန္နိယနိုင်ငံက လူတွေမွဲတေပေမဲ့ စစ်သားတွေကတော့ တကယ့်ပရိုဖက်ရှင်နယ် ဖြစ်ကြပါတယ်။ တရုပ်ပြည်လဲ အလားတူပါဘဲ။
.
.
.
စစ်ဗိုလ်၊ စစ်သားအရည်အချင်း
.
အရည်အသွေး၊ အရည်အချင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ အမ်လေးလုံးနဲ့အီးတလုံး ခေတ်စားပါတယ်။
နံပါတ်(၁) - လူသား
နံပါတ်(၂) - နည်းပညာ
နံပါတ်(၃) - ကုန်ပစ္စည်း
နံပါတ်(၄) - ငွေကြေး
နံပါတ်(၅) - ပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။
M and 1E (1. Man, 2.Method, 3. Material, 4. Money and Enviroment)
.
ဒါကြောင့် ငွေကြေးရှိတိုင်း နောက်ဆုံးပေါ်လက်နက်တွေ နင်းကန်ဝယ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး အာရပ်နိုင်ငံ သန်းပေါင်းများစွာ စစ်တပ်နဲ့ လူဦးရေတသိန်းတောင်မရှိတဲ့ အစ္စရေးနိုင်ငံစစ်တပ်တို့ ၁၉၄၈ ခုနှစ်ကစပြီး ၁၉၇၄ အထိ စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့တာ၊ အားလုံးသိတဲ့အတိုင်း အစ္စရေးနိုင်ငံကပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါဘာဖြစ်လို့လဲ မေးရင် အဖြေကတော့ လူသား (တနည်းအားဖြင့် စစ်သားအရည်ချင်း၊ စစ်ဗိုလ်အရည်အချင်း) အရမ်းကောင်းလို့ဖြစ်ပါတယ်။ ငွေကြေး ဆိုတဲ့အရာက နံပါတ်(၄) အဆင့်မှာပဲ ရှိတာကို တွေ့ရပါတယ်။ မြန်မာစစ်အစိုးရလဲ တရုပ်စစ်လက်နက်အညံ့တွေ လိမ်ညာရောင်းချခံထားရလို့၊ တပ်မတော်စစ်အရာရှိ၊တပ်သားများ စိတ်ဓါတ်ကျမှုတွေကြောင့် ..အခု တိုင်းရင်းသားလက်နက်ကိုင်များနဲ့ စစ်ပွဲတွေတောင် ရှုံးနိုမ့်တာတွေ မြင်နေရပါတယ်။
.
.
စစ်ဗိုလ်ဂျူနီယာများ တော်လှန်ရေး
.
စစ်တပ် လက်ရှိစစ်ဗိုလ်များအတွက် (စားဖို့) လုပ်မပေးနိုင်ပဲ စစ်ဗိုလ်ချုပ်ကြီးများ (အသစ်နဲ့ဟောင်း)များပဲ ကြိကြိတက်ချမ်းသာနေရင် မကျေနပ်တဲ့ စစ်ဗိုလ်ငယ်များက စစ်အာဏာသိမ်းဖို့ ကြံရွယ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ၁၉၃၀ လောက်က စစ်အရာရှိငယ်များက အာဏာသိမ်းပွဲ ကျဆုံးသွားပြီး၊ စစ်အာဏာရှင်များက ဖက်ဆစ်ဂျပန်လို့ နာမည်ဆိုးကြီးကို ရရှိသွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံလည်း ကွန်မြူနစ်ရန်အကြောင်းပြပြီး စစ်ဗိုလ်ငယ်များက အာဏာသိမ်းရင်း စစ်ဗိုလ်ချုပ်ကြီးများ အားလုံးနီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။ လွတ်သွားတဲ့ ဗိုလ်ချုပ်စူဟာတို အုပ်စုက အဲဒီစစ်ဗိုလ်ငယ်များကို အနိုင်ယူရင်း စစ်အာဏာရှင်စနစ်ကို နှစ်၂၀ကျော် သက်ဆိုးရှည်စေခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာလည်း စစ်ဗိုလ်ချုပ်ဟောင်း သမ္မတနတ်ဆာ ကို ဂုဏ်ပြု စစ်ဗိုလ်ငယ်များက စစ်ချီတက်ပွဲမှာ တကယ့်ကျည်ဆန်များနဲ့ လုပ်ကြံနိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ပိုမိုနှိပ်ကွပ်ခံရခြင်းပါပဲ။ မြန်မာနိုင်ငံမှာလည်း စစ်ဗိုလ်ငယ်လေးများကို ဗိုလ်အုန်းကျော်မြင့် ဦးဆောင်ပြီး ဦးနေဝင်းနဲ့စစ်ဗိုလ်ချုပ်ကြီးများကို ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ..မအောင်မြင်ပဲ၊ စစ်အာဏာရှင်စနစ် ပိုဆိုးလာတာတွေ့ရပါတယ်။
.
ဒါကြောင့် စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးမှာ စားဝတ်နေရေးထက် အဓိက စားဖို့ကို ဦးစွာရှင်းရပါတယ်။ နေစရာအိမ်မရှိလဲ နှစ်နဲ့ချီ စစ်တန်းရားမှာ နေနိုင်ပါတယ်။ အဝတ်အစားလဲ စစ်စွတ်ကျယ်ဝတ်ပြီး မိန်းမထမီရင်ရှား နှစ်ချီပြီး နေနိုင်ပါတယ်။ အဲ.. စားဖို့..ပြသနာဖြစ်လာရင်တော့ ၂ရက်တောင် သည်းမခံနိုင်ပါ။ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ အပါင်းပါများက အကောင်းစားတွေချည်း စားသောက်နေပြီး စစ်ဗိုလ်အသစ်လေးများက အသားဟင်းနပ်မှန်အောင် မစားနိုင်ရင် တနေ့မှာ စစ်ဗိုလ်ငယ်လေးများက စနစ်ပြောင်းဖို့ ကြိုးစားလာမှာပါ။ ယခု ထိုင်းနိုင်ငံကလည်း စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်ကျဆင်းနေပါပြီ။ မြန်မာနိုင်ငံကတော့ တိုးတက်နေပါတယ်။
.
.
.
နိဂုံး...
.
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ အရည်အသွေးမြင့်တဲ့ ဒီမိုကရေစီစနစ်နဲ့ ပြောင်းလဲနေပါတယ်။ တပ်မတော်က အစိုးရရဲ့ ၂၅%ကို နေရာယူထားပါတယ်။ ဒီမိုတဖက်စွန်းတွေက ဒီ၂၅%ကို ချက်ခြင်းဖြုတ်အောင်လုပ်ရမယ်လို့ပြောပါတယ်။ တကယ့်အခြေအနေမှန်ကို သိတဲ့ အင်အယ်ဒီနဲ့တပ်မတော်အကြီးအကဲများက သတိကြီးစွာနဲ့ လုပ်ဆောင်နေကြပါတယ်။ စစ်ဗိုလ်များရဲ့ စစ်တပ်ကြီးစိုးရေး အနှစ်၅၀ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်တွေရှိနေပါတယ်။
.
နောက်ဆုံးပေါ် စစ်လက်နက်ဝယ်ယူခြင်းက တားမရတဲ့ ကာကွယ်ရေးအသုံးစရိတ်ဖြစ်ပါတယ်။ စစ်လက်နက်ဝယ်တိုင်း ..ထိန်းသိမ်းစရိတ်၊ လေ့ကျင့်စရိတ်ရှိပါတယ်။ ဒီစရိတ်တွေအတွက် စစ်ဗိုလ်တွေ၊ စစ်သားတွေကို နိုင်ငံခြားသင်တန်းပို့ရပါတယ်။
.
သာမန်ကြည်းလေရေ တပ်သား၊ စစ်ဗိုလ်တွေက ၉၀% ကျော် အများစုဖြစ်တော့ သူတို့အတွက် စားဝတ်နေရေးနဲ့ မိသားစု ဘဝအာမခံရှိရေးအတွက်က သူတို့သားသမီးတွေကို ပညာရေးပံ့ပိုးပေးရပါမယ်။ ဒါမှ စစ်ထွက်ကြီး အငြိမ်းစားယူရင် သားသမီးက ထောက်ပံ့မယ်ဖြစ်ပါတယ်။ ဆင်းရဲမွဲတေခြင်းက လွတ်မြောက်ဖို့ တခုတည်းသောနည်းလမ်းကတော့ ပညာရေးပဲဖြစ်ပါတယ်။
.
စစ်ပညာကို ပရိုဖက်ရှင်နယ်ဖြစ်အောင် စစ်သား၊ စစ်ဗိုလ်တွေက လုပ်ရမယ်။ စစ်သားစစ်ဗိုလ်တွေ လယ်ယာလုပ်ကိုင်ပြီး တပ်တွင်းစီးပွားရေးလုပ်ငန်းတွေ ရပ်ပစ်ရပါမယ်။ တပ်မတော် စစ်ဗိုလ်စစ်သား မိသားစုများရဲ့ စားဝတ်နေရေးကို နိုင်ငံတော်က လုံးဝတာဝန်ယူပါတယ်။ တခုလိုနေတာကတော့ အငြိမ်းစားများနဲ့ လက်ရှိတပ်မတော်သားများအတွက်
* အရစ်ကျပေးရမဲ့ တန်ဖိုးနည်းအိမ်ယာ
* သူတို့ရဲ့ကျန်းမာရေးထောက်ပံ့ (အာမခံ၊ ငွေစုဆောင်းခြင်းစနစ်) အပြင်
* သူတို့သားသမီးများရဲ့ ပညာထောက်ပံ့ရေးစနစ်တို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တပ်မတော်အရည်အသွေး ထက်မြက်ရေးမှာ ပြည်သူကထောက်ပုံနေရလို့ ပြည်သူလူထုက အဆင်ပြေပါမှ ဖြစ်မှာပါ။ လူထုဆီကရတဲ့ မေတ္တာသစ္စာ တရားများနဲ့ ငွေကြေးဘတ်ဂျတ်များများရပြီး စစ်ဗိုလ်၊ စစ်သားများ၊ သူတို့မိသားစုများ အရည်သွေးမြှင့်တင်ခြင်း အောင်မြင်ဖို့ မျှော်လင့်နေပါတယ်။
.
သာမန်လူတစ်ဦး၏ ပြင်ပအမြင်သာဖြစ်ပါသည်။
ဇာနီကြီး
၂၆-ဇွန်-၂၀၁၆

facebook link

တိုကျို(ဂျပန်) မှ မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်း...2006 POST

တိုကျို(ဂျပန်) မှ မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်း....
၁၉၈၀ခုနှစ်ဝန်းကျင်မှာ SHOW JOB နဲ့ သင်္ဘောသား တခေတ်စားလာတယ် မြန်မာတွေ နိုင်ငံခြားထွက်ကြတယ် နိုင်ငံကူးလက်မှတ်လျှောက်ရင် ပညာသင်စရိတ်(ဘွဲ့ကြေး) စကောလားရှစ် စတိုင်ပင်(ပညာသင်ထောက်ပံ့ကြေး) အားလုံးကို အဆင့်မြင့်ပညာဦးစီးဌာနမှာ လျှော်ကြေးပေးရတယ်။
.
SHOW JOB သမားက နိုင်ငံခြားမှာ မိမိဝင်ငွေရဲ့ ၁၀% ကို သက်ဆိုင်ရာ မြန်မာသံရုံးမှာ အခွန်ဆောင်ရတယ်။ သင်္ဘောသားက မိမိဝင်ငွေရဲ့ တဝက်ကို မိသားစုထံ လွှဲပို့ရတယ် နိုင်ငံတော်က နိုင်ငံခြားငွေတွေရတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ စုဆောင်းငွေ (EARNING) ရှိရင် ကား ဆိုင်ကယ တီဗွီတင်သွင်းခွင့် လျှောက်ထားလို့ရတယ်။ ကိုယ်ကိုယ်တိုင် မသွင်းနိုင်ရင် EARNING ကိုရောင်းစားလို့ ရတယ် အခွန်ကိစ္စ အသံ သိပ်မထွက်ဘူး။ 
.
နောက်ပိုင်း န.ဝ.တ၊ န.အ.မ လက်ထက်ရောက်လာတော့ EARNING နဲ့ တင်သွင်းခွင့်တွေ ပိတ်လိုက်တယ်။ ပညာသင်လျှော်ကြေးတွေ မတောင်းတော့ဘူး။ သင်္ဘောသားမိသားစု လွှဲငွေလဲ မလိုတော့ဘူး။ ဒါပေမဲ့ SHOW JOB သမားတွေက ဝင်ငွေခွန် ၁၀% ကို ဆက်သွင်းနေရတယ်။ မသွင်းရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရတော့ သွင်းနေကြရတယ်။ မိမိရောက်ရာ နိုင်ငံမှာ ကျောင်းသားက အခွန်မပေးရဘူး။ အလုပ်ချိန်ကနဲတယ်။ အချိန်ပြည့်လုပ်သူက အခွန်ဆောင်ရတယ်။ စည်ပင်သာယာရေး အခွန်ဆောင်ရတယ်။ ကျန်းမာရေး အာမခံစရိတ်သွင်းရတယ်။
.
ဒါကြောင့် အခွန်နှစ်ထပ်ကွမ်း ဖြစ်နေပါတယ်။ ၁၀% အခွန်ရပ်ပေးဖို့ တောင်းဆိုကြတယ်။ ပတမဆုံး SHOW JOB နဲ့ထွက်လာပြီး ကျောင်းတက်နေသူတွေ အခွန်ကင်းလွတ်ခွင့် ပေးလိုက်တယ်။ ဒါပေမဲ့ ဒီကနေ့ ကျောင်းပြီး နောက်နေ့ကစ အခွန်သွင်းရတယ်။ နှစ်ထပ်ကွမ်း အခွန်မဆောင်နိုင်ပါဆိုပြီး အခွန်ရပ်ပေးဖို့ ဆက်အော်ကြတယ်။ 
.
.
သမ္မတဦးသိန်းစိန် တက်လာပြီး ၂၀၁၂ ဇန္နဝါရီကစလို့ အခွန်ကို ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အခွန်ကြွေးကို မလျှော်ပစ်ဘူး။ SHOW JOB သမားတဦးဟာ နိုင်ငံခြားထွက်လာပြီး သုံးလ အခွန်ကင်းလွတ်ခွင့်ပေးတယ်။ နောက်ပြီူး သုံးလကစ ၂၀၁၀ ဒီဇင်ဘာလထိ အခွန်ကြွေး သတ်မှတ်တယ်။ မိမိနိုင်ငံအလိုက် အခွန်သတ်မှတ်ပုံ မတူဘူး။ ဂျပန်မှာတော့ အင်ဂျင်နီယာဖြစ်ဖြစ် ပါမေက္ခကြီးဖြစ်ဖြစ် စားပွဲထိုးဖြစ်ဖြစ် လစာကို ယန်းတစ်သိန်း သတ်မှတ်တယ်။ ၁၀% ဆိုတော့ တစ်လ ယန်းတစ်သောင်း။ 
.
အခွန်ကြွေးက အထူးသဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေ၊ တရားမဝင် ဗီဇာမရှိပဲ နေထိုင်သူတွေက အများစုပါ။ အခွန်မကြေရင် သံရုံးက ဘာအကူအညီမှ မရနိုင်ဘူး။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရဘူး။ မြန်မာပြည်ပြန်ချင်ရင် နိုင်ငံကူးလက်မှတ်က သက်တမ်းသေနေရင် ပြန်မရဘူး။ သံရုံးက C.I လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာလိုတယ်။ ပထမပိုင်း အခွန်အတင်းတောင်းတယ်။ ဂျပန် လ.ဝ.က က ဖိအားပေးမှ C.I ကို အခွန်မသွင်းရပဲ ထုတ်ပေးတယ်။ ဒါပေမဲ့ C.I ရဲ့ ကျောဘက်မှာ အကြွေးမည်မျှ ကျန်ပါတယ်ဆိုပြီး ရေးပေးလိုက်တယ်။ မြန်မာပြည်မှာ သွင်းပေါ့။ 
.
တချို့ နိုင်ငံရေးခိုလှုံခွင့် ရထားသူတွေကို အခွန်ကြွေးပါ ညှိပါ။ သွင်းပါဆိုပြီး လုပ်လာတယ်။ တစ်ချို့ တဝက်၊ တစ်ချို့ သုံးပုံနှစ်ပုံ၊ တစ်ချို့ သုံးပုံတပုံနဲ့ ဈေးတည့်သွားကြတယ်။ အခွန်တွေသွင်းပြီး မြန်မာစာအုပ်တွေကိုင် မြန်မာပြည်ပြန်ခွင့်ရလာကြတယ်။ တချို့ကလည်း ဒီမိုကရေစီ အစိုးရလက်ထက်မှာ အခွန်ကြွေးတွေ လျှော်မှပဲ ဆိုပြီး ဆက်စောင့်ကြတယ်။ ဒါပေမဲ့ ၂၀၁၆က စပြီး ဝင်ငွေခွန်သတ်မှတ်ပုံ ပြောင်းလာတယ်။ မိမိအလုပ်ကပေးသော လစာဖြတ်ပိုင်း သုံးလစာ ယူလာပါ။ အဲဒါကြည့်ပြီး ဝင်ငွေကို သတ်မှတ်မယ်တဲ့။ 
.
ဒီမှာ နှစ်ပိုင်းသုံးပိုင်း လုပ်သူတွေက "ဒါလေးများ.. ဆိုပြီး အပြုံးမပျက်။ ဝင်ငွေအနည်းဆုံးရတဲ့အလုပ်က ပြေစာဖြတ်ပိုင်းလေး လာပြမယ်ပေါ့။ အချိန်ပြည့် လစာသမားတွေကတော့ ဘယ်ပြရဲမလဲ။ ဂျပန်မှာက အနည်းဆုံး ယန်းသောင်းနှစ်ဆယ် လူတိုင်းထုတ်နေကြတာ။ ဒီမှာတင် ငြီးကြ၊ အော်ကြ၊ ပွတ်လောရိုက်လာပြန်ပါရော။ 
.
.
ဘယ်နိုင်ငံသားမှာမှ အခွန်နှစ်ထပ်ဆိုတာ မရှိကြဘူး။ မိမိရောက်ရာနိုင်ငံရဲ့ အခွန်ကိုသာ သွင်းရတာ။ ကျတော်တို့ မြန်မာနိုင်ငံသားတွေမှာသာ ရှိခဲ့တာ၊ ဒါမတရားတဲ့ ဥပဒေ ဆိုပြီး ဦးသိန်းစိန်က အခွန်ရပ်ပေးခဲ့တယ်။ ဒါပေမဲ့ အကြွေးကို ချိန်ထားခဲ့တယ်။ 
.
"မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့ေ ဒ်ါအောင်ဆန်းစုကြည် ရဲ့ ကြွေးကြော်သံအတိုင်း မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်းပါခင်ဗျား။
.

ကိုသိန်း (တိုကျို)
facebook link




မိုးကျကိုယ်တော် ဆိုတဲ့စစ်ဗိုယ်တွေ အရပ်ဘက်ဆိုင်ရာ ဌာနတွေအားလုံးဆီ မပြောင်းမနေရ ဝင်လာကြပုံ

အငြိမ်းစားထောင်အရာရှိတဦး ဦးစိန်ဌေး ဆောင်းပါးဖြစ်ပါတယ်။ စစ်အစိုးရစတင်ခဲ့တဲ့ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ပိုမို ကောင်းလာအောင် လုပ်ရင်း မိုးကျကိုယ်တော် ဆိုတဲ့စစ်ဗိုယ်တွေ အရပ်ဘက်ဆိုင်ရာ ဌာနတွေအားလုံးဆီ မပြောင်းမနေရ ဝင်လာကြပုံ အဆင့်ဆင့်ကို မှတ်တမ်း စနစ်တကျတင်ထားပါတယ်။ .

၁၉၆၂ စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဦးနု နဲ့ ဝန်ကြီးအားလုံး အင်းစိန်ထောင်သွင်း ချိန်မှာ ထောင်ဥပဒေကို ကမ်းကုန်ဖောက်ဖြတ်တဲ့ စစ်ဗိုလ်မှုးကို မလုပ်သင့်ကြောင်း ပြောမိတဲ့ အင်းစိန်ထောင်ပိုင်ကြီး ဝဏ္ဍကျော်ထင်ဦးဘထွန်း(ဘိလပ်ပြန်) ကို "ခုချိန်ကစပြီး အလုပ်ဆင်းစရာမလိုတော့ပါဘူး" ပြောပြီး အကျဉ်းဦးစီးဌာနသို့ ဗိုလ်ကြီးဗိုလ်မှုးတွေ ဝင်လာခဲ့ပါတယ်။ .

 * အကျဉ်းဦးစီးဌာနဟာ တလျှောက်လုံး တရားရေးဝန်ကြီးဌာနလက်အောက် ရှိနေရာကနေ ပြည်တဲရေးဝန်ကြီးဌာနအောက် ရောက်သွားပြီး ရဲတပ်ဖွဲ့နဲ့ပေါင်း လုပ်စားတဲ့ခေတ် ရောက်သွားကြောင်း။

* အကျဉ်းထောင်အလုပ်က အကျဉ်းသားများ ထောင်ထွက်ပြီးရင် ဘဝသစ်ထူထောင်ဖို့ ဖြစ်ပေမဲ့ တရားစီရင်ရေးမှာ မဆိုင်ပဲ မတရားမှုတွေကို ပံ့ပိုးနေရသလို ဖြစ်သွားကြောင်း။

* ခက်ခဲလှတဲ့အကျဉ်သားအုပ်ချုပ်ရေး လာလုပ်ရတဲ့ စစ်ဗိုလ်ကြီး ဗိုလိလေးတွေလဲ အကျဉ်းသားများရဲ့ လည့်စားခံရကြောင်း စသဖြင့် မိုးကျရွှေကိုယ်များ အကျဉ်းဦးစီးဌာနကို တဖြေးဖြေးဝင်လာကြပုံ မှတ်တမ်းဖြစ်ပါတယ်။

* ဦးနေဝင်း စစ်အာဏာရှင်ဟောင်းကြီးက စတင်ခဲ့လို့ နောက်လိုက် စစ်ဗိုလ်အုပ်စုက မြန်မာဌာနဆိုင်ရာ အုပ်ချုပ်ရေး ရောက်လာ ဌာန ပျက်စီးရာကအစ မြန်မာလူထုအားလုံး ဆင်းရဲမွဲတေ ပျက်သုန်းလု ဖြစ်သွားခြင်း အကျဉ်းချုပ် မှတ်တမ်းလေးဖြစ်ပါတယ်။

 ဆောင်းပါးကို ၂၀၁၁ က တင်ပြခဲ့ပြီး စာအုပ်အဖြစ် ၂၀၁၅ မှာ ထုတ်ဝေခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပါပြီ။

facebook link