အငြိမ်းစားထောင်အရာရှိတဦး ဦးစိန်ဌေး ဆောင်းပါးဖြစ်ပါတယ်။
စစ်အစိုးရစတင်ခဲ့တဲ့ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ပိုမို ကောင်းလာအောင် လုပ်ရင်း မိုးကျကိုယ်တော် ဆိုတဲ့စစ်ဗိုယ်တွေ အရပ်ဘက်ဆိုင်ရာ ဌာနတွေအားလုံးဆီ မပြောင်းမနေရ ဝင်လာကြပုံ အဆင့်ဆင့်ကို မှတ်တမ်း စနစ်တကျတင်ထားပါတယ်။
.
၁၉၆၂ စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဦးနု နဲ့ ဝန်ကြီးအားလုံး အင်းစိန်ထောင်သွင်း ချိန်မှာ ထောင်ဥပဒေကို ကမ်းကုန်ဖောက်ဖြတ်တဲ့ စစ်ဗိုလ်မှုးကို မလုပ်သင့်ကြောင်း ပြောမိတဲ့ အင်းစိန်ထောင်ပိုင်ကြီး ဝဏ္ဍကျော်ထင်ဦးဘထွန်း(ဘိလပ်ပြန်) ကို "ခုချိန်ကစပြီး အလုပ်ဆင်းစရာမလိုတော့ပါဘူး" ပြောပြီး အကျဉ်းဦးစီးဌာနသို့ ဗိုလ်ကြီးဗိုလ်မှုးတွေ ဝင်လာခဲ့ပါတယ်။
.
* အကျဉ်းဦးစီးဌာနဟာ တလျှောက်လုံး တရားရေးဝန်ကြီးဌာနလက်အောက် ရှိနေရာကနေ ပြည်တဲရေးဝန်ကြီးဌာနအောက် ရောက်သွားပြီး ရဲတပ်ဖွဲ့နဲ့ပေါင်း လုပ်စားတဲ့ခေတ် ရောက်သွားကြောင်း။
* အကျဉ်းထောင်အလုပ်က အကျဉ်းသားများ ထောင်ထွက်ပြီးရင် ဘဝသစ်ထူထောင်ဖို့ ဖြစ်ပေမဲ့ တရားစီရင်ရေးမှာ မဆိုင်ပဲ မတရားမှုတွေကို ပံ့ပိုးနေရသလို ဖြစ်သွားကြောင်း။
* ခက်ခဲလှတဲ့အကျဉ်သားအုပ်ချုပ်ရေး လာလုပ်ရတဲ့ စစ်ဗိုလ်ကြီး ဗိုလိလေးတွေလဲ အကျဉ်းသားများရဲ့ လည့်စားခံရကြောင်း စသဖြင့် မိုးကျရွှေကိုယ်များ အကျဉ်းဦးစီးဌာနကို တဖြေးဖြေးဝင်လာကြပုံ မှတ်တမ်းဖြစ်ပါတယ်။
* ဦးနေဝင်း စစ်အာဏာရှင်ဟောင်းကြီးက စတင်ခဲ့လို့ နောက်လိုက် စစ်ဗိုလ်အုပ်စုက မြန်မာဌာနဆိုင်ရာ အုပ်ချုပ်ရေး ရောက်လာ ဌာန ပျက်စီးရာကအစ မြန်မာလူထုအားလုံး ဆင်းရဲမွဲတေ ပျက်သုန်းလု ဖြစ်သွားခြင်း အကျဉ်းချုပ် မှတ်တမ်းလေးဖြစ်ပါတယ်။
ဆောင်းပါးကို ၂၀၁၁ က တင်ပြခဲ့ပြီး စာအုပ်အဖြစ် ၂၀၁၅ မှာ ထုတ်ဝေခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပါပြီ။
facebook link
No comments:
Post a Comment