Tuesday, 28 June 2016

တိုကျို(ဂျပန်) မှ မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်း...2006 POST

တိုကျို(ဂျပန်) မှ မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်း....
၁၉၈၀ခုနှစ်ဝန်းကျင်မှာ SHOW JOB နဲ့ သင်္ဘောသား တခေတ်စားလာတယ် မြန်မာတွေ နိုင်ငံခြားထွက်ကြတယ် နိုင်ငံကူးလက်မှတ်လျှောက်ရင် ပညာသင်စရိတ်(ဘွဲ့ကြေး) စကောလားရှစ် စတိုင်ပင်(ပညာသင်ထောက်ပံ့ကြေး) အားလုံးကို အဆင့်မြင့်ပညာဦးစီးဌာနမှာ လျှော်ကြေးပေးရတယ်။
.
SHOW JOB သမားက နိုင်ငံခြားမှာ မိမိဝင်ငွေရဲ့ ၁၀% ကို သက်ဆိုင်ရာ မြန်မာသံရုံးမှာ အခွန်ဆောင်ရတယ်။ သင်္ဘောသားက မိမိဝင်ငွေရဲ့ တဝက်ကို မိသားစုထံ လွှဲပို့ရတယ် နိုင်ငံတော်က နိုင်ငံခြားငွေတွေရတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ စုဆောင်းငွေ (EARNING) ရှိရင် ကား ဆိုင်ကယ တီဗွီတင်သွင်းခွင့် လျှောက်ထားလို့ရတယ်။ ကိုယ်ကိုယ်တိုင် မသွင်းနိုင်ရင် EARNING ကိုရောင်းစားလို့ ရတယ် အခွန်ကိစ္စ အသံ သိပ်မထွက်ဘူး။ 
.
နောက်ပိုင်း န.ဝ.တ၊ န.အ.မ လက်ထက်ရောက်လာတော့ EARNING နဲ့ တင်သွင်းခွင့်တွေ ပိတ်လိုက်တယ်။ ပညာသင်လျှော်ကြေးတွေ မတောင်းတော့ဘူး။ သင်္ဘောသားမိသားစု လွှဲငွေလဲ မလိုတော့ဘူး။ ဒါပေမဲ့ SHOW JOB သမားတွေက ဝင်ငွေခွန် ၁၀% ကို ဆက်သွင်းနေရတယ်။ မသွင်းရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရတော့ သွင်းနေကြရတယ်။ မိမိရောက်ရာ နိုင်ငံမှာ ကျောင်းသားက အခွန်မပေးရဘူး။ အလုပ်ချိန်ကနဲတယ်။ အချိန်ပြည့်လုပ်သူက အခွန်ဆောင်ရတယ်။ စည်ပင်သာယာရေး အခွန်ဆောင်ရတယ်။ ကျန်းမာရေး အာမခံစရိတ်သွင်းရတယ်။
.
ဒါကြောင့် အခွန်နှစ်ထပ်ကွမ်း ဖြစ်နေပါတယ်။ ၁၀% အခွန်ရပ်ပေးဖို့ တောင်းဆိုကြတယ်။ ပတမဆုံး SHOW JOB နဲ့ထွက်လာပြီး ကျောင်းတက်နေသူတွေ အခွန်ကင်းလွတ်ခွင့် ပေးလိုက်တယ်။ ဒါပေမဲ့ ဒီကနေ့ ကျောင်းပြီး နောက်နေ့ကစ အခွန်သွင်းရတယ်။ နှစ်ထပ်ကွမ်း အခွန်မဆောင်နိုင်ပါဆိုပြီး အခွန်ရပ်ပေးဖို့ ဆက်အော်ကြတယ်။ 
.
.
သမ္မတဦးသိန်းစိန် တက်လာပြီး ၂၀၁၂ ဇန္နဝါရီကစလို့ အခွန်ကို ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အခွန်ကြွေးကို မလျှော်ပစ်ဘူး။ SHOW JOB သမားတဦးဟာ နိုင်ငံခြားထွက်လာပြီး သုံးလ အခွန်ကင်းလွတ်ခွင့်ပေးတယ်။ နောက်ပြီူး သုံးလကစ ၂၀၁၀ ဒီဇင်ဘာလထိ အခွန်ကြွေး သတ်မှတ်တယ်။ မိမိနိုင်ငံအလိုက် အခွန်သတ်မှတ်ပုံ မတူဘူး။ ဂျပန်မှာတော့ အင်ဂျင်နီယာဖြစ်ဖြစ် ပါမေက္ခကြီးဖြစ်ဖြစ် စားပွဲထိုးဖြစ်ဖြစ် လစာကို ယန်းတစ်သိန်း သတ်မှတ်တယ်။ ၁၀% ဆိုတော့ တစ်လ ယန်းတစ်သောင်း။ 
.
အခွန်ကြွေးက အထူးသဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေ၊ တရားမဝင် ဗီဇာမရှိပဲ နေထိုင်သူတွေက အများစုပါ။ အခွန်မကြေရင် သံရုံးက ဘာအကူအညီမှ မရနိုင်ဘူး။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမရဘူး။ မြန်မာပြည်ပြန်ချင်ရင် နိုင်ငံကူးလက်မှတ်က သက်တမ်းသေနေရင် ပြန်မရဘူး။ သံရုံးက C.I လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာလိုတယ်။ ပထမပိုင်း အခွန်အတင်းတောင်းတယ်။ ဂျပန် လ.ဝ.က က ဖိအားပေးမှ C.I ကို အခွန်မသွင်းရပဲ ထုတ်ပေးတယ်။ ဒါပေမဲ့ C.I ရဲ့ ကျောဘက်မှာ အကြွေးမည်မျှ ကျန်ပါတယ်ဆိုပြီး ရေးပေးလိုက်တယ်။ မြန်မာပြည်မှာ သွင်းပေါ့။ 
.
တချို့ နိုင်ငံရေးခိုလှုံခွင့် ရထားသူတွေကို အခွန်ကြွေးပါ ညှိပါ။ သွင်းပါဆိုပြီး လုပ်လာတယ်။ တစ်ချို့ တဝက်၊ တစ်ချို့ သုံးပုံနှစ်ပုံ၊ တစ်ချို့ သုံးပုံတပုံနဲ့ ဈေးတည့်သွားကြတယ်။ အခွန်တွေသွင်းပြီး မြန်မာစာအုပ်တွေကိုင် မြန်မာပြည်ပြန်ခွင့်ရလာကြတယ်။ တချို့ကလည်း ဒီမိုကရေစီ အစိုးရလက်ထက်မှာ အခွန်ကြွေးတွေ လျှော်မှပဲ ဆိုပြီး ဆက်စောင့်ကြတယ်။ ဒါပေမဲ့ ၂၀၁၆က စပြီး ဝင်ငွေခွန်သတ်မှတ်ပုံ ပြောင်းလာတယ်။ မိမိအလုပ်ကပေးသော လစာဖြတ်ပိုင်း သုံးလစာ ယူလာပါ။ အဲဒါကြည့်ပြီး ဝင်ငွေကို သတ်မှတ်မယ်တဲ့။ 
.
ဒီမှာ နှစ်ပိုင်းသုံးပိုင်း လုပ်သူတွေက "ဒါလေးများ.. ဆိုပြီး အပြုံးမပျက်။ ဝင်ငွေအနည်းဆုံးရတဲ့အလုပ်က ပြေစာဖြတ်ပိုင်းလေး လာပြမယ်ပေါ့။ အချိန်ပြည့် လစာသမားတွေကတော့ ဘယ်ပြရဲမလဲ။ ဂျပန်မှာက အနည်းဆုံး ယန်းသောင်းနှစ်ဆယ် လူတိုင်းထုတ်နေကြတာ။ ဒီမှာတင် ငြီးကြ၊ အော်ကြ၊ ပွတ်လောရိုက်လာပြန်ပါရော။ 
.
.
ဘယ်နိုင်ငံသားမှာမှ အခွန်နှစ်ထပ်ဆိုတာ မရှိကြဘူး။ မိမိရောက်ရာနိုင်ငံရဲ့ အခွန်ကိုသာ သွင်းရတာ။ ကျတော်တို့ မြန်မာနိုင်ငံသားတွေမှာသာ ရှိခဲ့တာ၊ ဒါမတရားတဲ့ ဥပဒေ ဆိုပြီး ဦးသိန်းစိန်က အခွန်ရပ်ပေးခဲ့တယ်။ ဒါပေမဲ့ အကြွေးကို ချိန်ထားခဲ့တယ်။ 
.
"မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့ေ ဒ်ါအောင်ဆန်းစုကြည် ရဲ့ ကြွေးကြော်သံအတိုင်း မတရားသောအခွန်ကြွေးကို ပယ်ဖျက်ပေးသင့်ပါကြောင်းပါခင်ဗျား။
.

ကိုသိန်း (တိုကျို)
facebook link




No comments:

Post a Comment