Saturday, 2 July 2011

ငွေစက္ကူများ တရားမ၀င်ကြေညာခြင်း

ထိုစဉ်က အမေရိကန်နိုင်ငံတွင် သမ္မတသစ် ရော်နယ်ရီဂင်အစိုးရ အုပ်ချုပ်လာရာ ကမ္ဘာတ၀ှမ်းရှိ ကွန်မြူနစ်-ဆိုရှယ်လစ်နှင့် အာဏာရှင်အစိုးရများစွာကို ဒီမိုကရေစီနိုင်ငံသစ်များအဖြစ် အသွင်ပြောင်းခဲ့ရာ၌ ဖိလစ်ပိုင်နိုင်ငံ၊ ရူမေးနီးယား၊ ဂျာမဏီ၊ ရုရှား၊ နိုင်ငံများစွာ ပြောင်းသွားခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ ၁၉၈၈ခုနှစ်၌ တဲတဲလေးလိုသောအချိန် - ခေါင်းဆောင်များမညီခဲ့၍၊ ရှင်းရှင်းရေးရပါလျှင် ၀န်ကြီးချုပ်ဟောင်း ဦးနုမှ အတွေ့အကြုံရှိစွာဖြင့် ကျွန်တော်သာလျှင် ၀န်ကြီးချုပ်ဟု ကြေညာချိန် - သူရဦးတင်ဦး - ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များမှ ပူးပေါင်းပါဝင်ခြင်းမရှိပဲ၊ ကလန့်ခဲ့ကြ၍ ဒီမိုကရေစီမရခဲ့ပါဟု တဲ့တဲ့ရေးပါမည်။
  ဖိလစ်ပိုင်နိုင်ငံတွင် ထိုကဲ့သို့ ဖြစ်လာချိန် - ကာကွယ်ရေးဝန်ကြီး မစ္စတာအင်ရိုင်းလီ - စစ်ဗိုလ်ချုပ်ရာမို့စ် နှင့် လူထုခေါင်းဆောင် မစ္စအာကွီနိုတို့ ညီညွတ်ရေးလုပ်ပြခဲ့၍ အမေရိကန်နိုင်ငံ သမ္မတကြီး ရော်နယ်ရီဂင်မှ ဖိလစ်ပိုင်သမ္မတမားကို့စ်အား Welcome to United State အမေရိကန်နိုင်ငံသို့ ကြွခဲ့ပါ ဆိုရင်း အပြောင်းအလဲတွေ ဖြစ်ခဲ့သော်လည်း - ထိုအချိန်က နိုင်ငံရေးသူငယ်တန်းအဆင့်သာ ရှိနေသေးသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့မှ အဓိကပုဂ္ဂိုလ်နိုင်ငံရေးသုခမိန် အဆင့်ရှိ ဦးနုကို မထောက်ခံ၊ မပူးပေါင်းခဲ့၍ အမေရိကန်ရေတပ်စစ်သင်္ဘောများ ရန်ကုန်မြစ်ဝရောက်နေချိန် - ဘာမျှဆက်လုပ်၍ မရတော့ပဲ - ကျန်တာကတော့ ပိတ်ကားပေါ်မှာ ဆက်ဖြစ်သွားပါသည်။

   အားမနာတမ်းရေးရပါလျှင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်လာသူ ဖြစ်သော်လည်း - တိုင်းပြည်ခေါင်းဆောင်ဖြစ်လာရန် "ကံ" ပါလာဟန်မရှိသူဟုပဲ ရေးရပါမည်။ လူဆိုတာ သူ့ကံနဲ့သူလာတာကိုး။

   ထိုနေ့က အန်ကယ်ဦးလေးမောင်အိမ်မှ ပြန်လာပြီး လေတပ်ဗိုလ်ချုပ်သောင်ဒန် - အန်တီမမျိုးညွန့်တို့ထံ သွားနှုတ်ဆက်ပါသည်။
    သူတို့အိမ်က ၈မိုင်မှာ ရှိသည်။ မောရ၀တီလမ်း
   "သားရယ် - ကျန်းမာရေး ဂရုစိုက်နော် - ပြန်လာနော်" .. တဲ့ ..
   အန်တီမမျိုးညွန့်မှ မှာရှာသည်။

  မျိုးဒန် (ကိုပြုံး) က ဂေါက်ကွင်းမှ ပြန်မရောက်သေးပါ.
  ဗိုလ်ချုပ်သောင်းဒန်နဲ့ဖေဖေတို့က မြန်မာ့လေတပ်မတော်ကို ၁၉၄၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်မှာ အတူတူ တည်ထောင်ခဲ့သူတွေ ဖြစ်ခဲ့ကြသလို၊ လေတပ်ထဲမှာ Rival တွေ - ပြိုင်ဖက်တွေလို ဖြစ်ခဲ့ကြပါသည်။
  ဖေဖေတို့က RAF - Burma Volunteer Air Force မှ   Royal Air Force  သို့ ၁၉၄၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ၀င်ရောက်ရင်း လေသူရဲများဖြစ်လာကြပါသည်။ အန်ကယ်သောင်းဒန်တို့ကမူ ၁၉၄၂ခုနှစ် BIA တပ်များ ဖွဲ့စည်းချိန် မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ် (၂)၊ ၁၉၄၃ တက်ခဲ့ပြီး ၁၉၄၄ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ လေကြောင်းပညာသင်ပြီး ပြန်လာကြသူများဖြစ်ပါသည်။

   ကြုံကြိုက်တုန်း ရေးရပါက - RAF ၀င်ရင်း၊ ဥရောပလေပိုင်နက်ထဲတွင်ရော၊ အာဖရိကစစ်မြေပြင်တွင်ရော ပါဝင်တိုက်ခိုက်ခဲ့ရာတွင် လေသူရဲဗိုလ်ကြီးကျော်ညွန့် (စာရေးဆရာကြီးသောင်းဝေဦး၏ ဦးလေး၊ လေသူရဲ ဗိုလ်သောင်းထိုက်တို့အပြင် - ဖေဖေနှင့်အပတ်စဉ်တူ လေသူရဲဗိုလ်လှရီခင်မျှာ ဂျာမာန်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရင်း ဥရောပလေဟာနယ်ထဲမှာ ပျက်ကျ ကျဆုံးခဲ့ရရာက မြန်မာလေသူရဲများထဲမှ ပထမဆုံး ကျဆုံးသူဖြစ်သွားရပါသည်။
   လေကြောင်းဦးစီးဌာန ညွန်ကြားရေးမှုဖြစ်ခဲ့သည့် ဗိုလ်ကျော်ထွန်း၊  စစ်တွေမြို့မှ ရခိုင်လူမျိုး ဗိုလ်ကျော်သာ၊ မြန်မာ့ရေတပ်မတော်၏ ဒုတိယမြောက် စစ်ဦးစီးချုပ် - ဒုဗိုလ်မှုးကြီး S-ခင် (၁၉၅၀ ခန့်က လေယာဉ်ပျက်ကျသေဆုံးခဲ့ရသူ) နှင့် မြန်မာ့လေတပ်မတော်၏ တတိယမြောက် စစ်ဦးစီချုပ် ဗိုလ်မှုးချုပ်တီကလစ် (ယခု - သြစတြေးလျှားနိုင်ငံ ကွယ်လွန်)၊ ထိုတိုင်းရင်းသား ၅ဦး နှင့် ကပြားများ၊ မြို့ပိုင်များ ၇ဦး - စုစုပေါင်း ၁၂ဦးက အပတ်စဉ် (၁) - (ကိုယ်ပိုင်နံပါတ် လေ - ၁၀၂၀ - ဗိုလ်မှုးကြီးစောရှိးရှို (မြန်မာ့လေတပ်မတော်၏ ပထမဆုံးစစ်ဦးစီးချုပ်)၊ လေ၁၀၂၁ - ဗိုလ်လိန်ဆန်မိန်း၊ လေ ၁၀၂၂ ဒုဗိုလ်မှုးကြီးပယ်ရီအေးချို (ကြယ်ငါးပွင့်သင်္ဘော အကြံပေးပုဂ္ဂိုလ်)၊ လေ ၁၀၂၄ ဒုဗိုလ်မှုးကြီးအောင်ညွန့် (စာရေးသူ၏ဖခင်) တို့မှ ၅ဦးနှင့် ကပြား၇ဦးက အပတ်စဉ်(၂)၊ ထိုအပတ်စဉ်(၁) နှင့် (၂) တို့မှာ တနေ့ထဲ သင်တန်းစပြီး၊ တနေ့ထဲ အတူတူ သင်တန်းဆင်းသော်လည်း လျှောက်လွှာနံနက်ပိုင်း တင်ကြသူများက အပတ်စဉ် (၁) - နေ့လည်ပိုင်း လျှောက်လွှာတင်များက အပတ်စဉ်(၂) - ဆင်းလာကြသူ - Classmate များဖြစ်ခဲ့ကြပါသည်။

   ဂျပန်ပြန် လေသူရဲများမှာမူ ဗိုလ်သောင်းဒန်၊ ဥဏ်မောင်၊ (သမ္မတရုံ မန်နေဂျာ - ယခုကွယ်လွန် - အောင်လံသား)၊ ဗိုလ်စိုးလှိုင် (နောင် ဒုဗိုလ်မှုးကြိး)၊ ဗိုလ်ကျော်ဇော် (နောင် - ဒုဗိုလ်မှုးကြီး)၊ ဗိုလ်အောင်မြတ် (နောင်-သီဟသူရဘွဲ့ရ - ကျဆုံးဗိုလ်မှုး)၊ ဗိုလ်ချစ်ခင် (နောင် - ဗိုလ်မှုးကြီး)၊ ဗိုလ်အေးမောင် (နောင် - ယဉ်ကျေးမှုဝန်ကြီး - ပုသိမ်လေတပ်စခန်းမှုး ဗိုလ်မှုးချုပ်ဇင်ယော်၏ ဖခင် ဗိုလ်တင်မောင်၊ ဗိုလ်ထွန်းသန်း (မော်လမြိုင်) နှင့် ဗိုလ်အေးလှိုင်တို့ ဖြစ်ကြပါသည်။

   ထိုဂျပန်ပြန် လေသူရဲများထဲမှ ၆ဦး - BVAF ခေါ် Pilots များ (ကပ္ပတိန်ကျော်ညွန့်၊ ဗိုလ်သောင်းထိုက်နှင့် အခြားရုံး ပိုင်းလော့များ) အပြင် ၁၉၄၇ခု ဒီဇင်ဘာ ၁၅ ရက်၊ ဗမာ့တပ်မတော် စဖွဲ့ရာမှာ လေတပ်ထဲပင် ၀င်လာကြသည့် ဗိုလ်စောဖြူ (နောင် ဗိုလ်ချုပ်သူရစောဖြူ) ၊ ဗိုလ်တင်မောင်အေး (နောင် ဗိုလ်မှုးကြီးသူရတင်မောင်အေး)၊ နှင့် အခြားသူများဖြင့် မြန်မာ့လေတပ်မတော်ကို စတင်ဖွဲ့စည် တည်ထောင်ခဲ့ကြပါသည်။
   သို့သော် - ထို ဂျပန်ပြန် ဗိုလ်သောင်းဒန်မှာ ကျွန်တော့်အား သားအရင်းပမာ ချစ်ခင်ရှာပါသည်။
   အမေရိကားသို့ လေတပ်အရာရှိများလာလည်၍ အပြန်တွင် လက်ဆောင်များ စာများ ပေးပိုရခဲ့ရာ၊ ထိုလေတပ်အရာရှိများကို ကျွန်တော်တို့နှင့် ပတ်သက်တိုင်း "ဒါ ငါ့သားတွေကွ .."  ဟု အမြဲပြောခဲ့ပါသည်။
   ယခုတော့ အန်ကယ်သောင်းဒန် ဆုံးရှာပါပြီ - ၁၉၉၈ခန့်က ဖြစ်ရာ ၁၂နှစ်ရှိပါပြီ .။

   ဒီလိုနဲ့ နှုတ်ဆက်သင့်သူများစွာ နှုတ်ဆက်ပြီးချိန် စက်တင်ဘာ၎ရက်နေ့မှာ အမေရိကား၊ ယူသွားဖို့ ပစ္စည်းတွေ အများကြီး ၀ယ်ဖြစ်ကြသည်။
   ထိုညနေ - ဇနီး ခိုင် လက်ထဲမှာ ကျပ်ငွေ ၃၀၀၀ ပဲရှိတော့ - ငွေလိုသေးသလား မေးတော့ - မလိုဘူးတဲ့၊ ငွေလိုမှ ၀ယ်ထားတဲ့ ရွှေထည်အချို့ ရောင်းသုံးမယ်တဲ့၊ ဒါကလဲ လိုမှပါ၊ အမေရိကား ကျွန်တော်ရောက်လျှင် လစဉ် ဒေါ်လာ၁၀၀ပဲ ပို့ပေးအုန်း - သူသုံးဖို့ တစ်လ ၃၀၀၀ ကျပ် ရနေမှာဖြစ်ပါသည်။
   သင်္ဘောသားဘ၀မှာ နောက်ဆုံး သင်္ဘောပေါ်မှ AB တက်မကိုင်ဖြစ်ခဲ့ရာ တလလျှင် ဒေါ်လာ ၃၀၀ ခန့် စုနိုင်ခဲ့ပါသည်။ ယခု အမေရိကန် နိုင်ငံသို့ေ၇ာက်လျှင်မူ တလဒေါ်လာ ၄၀၀ မှ ၅၀၀ ကြား အသားတင် စုဆောင်းမိမည် ခန့်မှန်းခဲ့ရာ - မသွားခင်ကတည်းက ပျော်နေမိပါသည်။ ကိုယ်က သင်္ဘောမှာ အရာရှိဖြစ်ဖို့ ကံပါလာပုံ မရပါ။ ဘာလို့ဆို ၁၉၇၇ ခုနှစ်ခန့်က ဖခင်ဖြစ်သူ လေကြောင်းဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ်အဆင့် ပင်စင်ယူခဲ့ရာ - မိသားစုဝင်ငွေရရှိရန်အတွက် ကျွန်တော်ရော - အစ်ကိုပါ သင်္ဘောလိုက်ရန် စဉ်းစားမိခဲ့ကြသည်။ အလုပ်သင်အရာရှိအဖြစ် နိုင်ငံခြားကုမဏ္ဍီများ၏ အလုပ်ခန့်စာ ရနိုင်ရန် - လျှောက်လွှာတွေရိုက်၊ ဓါတ်ပုံတွေရိုက်၊ ကိုယ်ရေးရာဇ၀င်ရေးပြီး ရေကြောင်းဦးစီဌာန ညွန်ကြားရေးမှုးချုပ် ဦးမောင်မောင်လေး ရုံးခန်းသို့ သွားရင်း ရေကြောင်းညွန်ချုပ်၏ ထောင်ခံစာ ရယူခဲ့ကြသည်။
  ၆လခန့် လျှောက်လွှာတွေကို သင်္ဘောကုမဏ္ဍီ အနဲဆုံး ၃၀ကျော်ခန့်သို့ ပေးပို့ခဲ့ရာ ကုမဏ္ဍီ ၃ခုလောက်မှပဲ - စဉ်းစားမည် ပြန်စာပို့ပေးခဲ့ပါသည်။
  ဖခင်မှာ အနားယူပြီးဖြစ်ရာ - ဘယ်လူကြီးကမျှ ဘာမျှမရပဲ လုပ်ပေးချင်ပုံမရ - ဖခင်၏ရေတပ်မှ အသိ - ဦးကျော်သိန်းလွင်တို့လဲ အားမကိုးခဲ့ရပါ။
  ဘာပဲဖြစ်ဖြစ် - အခြားလူကြီးတော်တော်များများ၏ သားများမှာမူ Cadet တွေ ဖြစ်သွားကြပါသည်။
  ရေဒီယိုအရာရှိသင်တန်းတက် - စာမေးပွဲဖြေတော့ receiving ခေါ် ကြေးနန်းလက်ခံရသည့် စာမေးပွဲ၌ လက်ရေးဆင်တူဖြစ်သည့် ဂျေ နှင့် ၀ိုင် အမှား ၅ခုပဲ ပါခဲ့ရာ၊ တကယ်က နှစ်လုံးထက် ပိုမမှားနိုင်သော်လည်း လက်ရေးသော့သဖြင့် ဂျေ လိုလို၊ ၀ိုင်လိုလို အမှား၅လုံး ပါ၍ ၄လုံးထဲပေးသည့် စာမေးပွဲ၌ မအောင်မြင်သဖြင့် ရေဒီယိုအရာရှိလဲ ဖြစ်မလာပါ။
   မိန်းမရချိန် ထောက်ပံ့ရေးအရာရှိအဖြစ် လျှောက်လွှာများ ပို့ပေးခဲ့ရာ၊ ကြယ်ငါးပွင့်သင်္ဘောကုမဏ္ဍီ၌ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် အန်ကယ်ပယ်ရီအေးချိုမှ အထူးကူညီသည်။
   ထောက်ခံစာ ရေးပေးခဲ့သလို ၊ သူနှင့်သိသည့် ကုမဏ္ဍီလိပ်စာများ (၃ခုထင်သည်) ထုတ်ပေးရင်း - ကူညီခဲ့ရာ ၁၉၈၁ခုနှစ်ဆန်းတွင် ဟောင်ကောင်သင်္ဘောကုမဏ္ဍီတခုမှ Supply Officer သင်္ဘောဆင်းတော့မှာမို့ လာနိုင်မလား သံကြိုးပို့ပါသည်။ အန်ကယ်ပယ်ရီအေးချို မှာ လေ-၁၀၂၃ ၊ ဖေဖေက လေ-၁၀၂၄ အထူးခင်မင်ရာ - ဖေဖေ့ထံ ဖုန်းဆက်ပြီး
   "ဖိုးအောင် သား အိုကေပြီကွ" . တဲ့
   ဒါပေမဲ့ အဲဒီအချိန်မှာ SECD သင်္ဘောသားရုံးမှာ မှတ်ပုံတင်ထားသော်လည်း - ခုလို အလုပ်ခန့်စာ ရသော်လည်း လက်ထဲမှာ ပတ်စပို့မရှိပါ။ သူတို့ လုပ်စဉ်အရ - အလုပ်ခန့်စာရမှ ပတ်စပို့ပေးလျှောက်သည်ဆိုရာ - ခုလို ပတ်စပို့ လျှောက်ရတာကလဲ အနည်းဆုံး ၂လ ကြာလို၊  ယခု ဟောင်ကောင်ကုမဏ္ဍီမှ တပတ်အကြာ လာခဲ့ရန် ညွန်ကြားထားရာ ကျွန်တော် ဘယ်လိုလုပ်ရမည်နည်း !
   လက်ထဲမှာ ပတ်စပို့မရှိခဲ့၍ ထိုအခွင့်အရေးဆုံးရှုံး သွားခဲ့ရပါသည်။ ယောက္ခမအိမ်မှာ ဆက်နေရင်း ပတ်စပို့ လက်ထဲရောက်နေရန်ရော၊ စီဒီစီ ခေါ် လုပ်သက်မှတ်တမ်း စာအုပ်ရနိုင်ရန်ရော၊ ထောက်ပံ့ရေးအရာရှိမှ စားဖိုမှုးတာဝန်အဖြင့် လိုက်နိုင်ရန် စီစဉ်ပြီးမှ သင်္ဘောတက်ရန် ကြိုးစားခဲ့ရပြန်သည်။

   ယခု အမေရိကန်နိုင်ငံသို့ သွားနိုင်ရန် လက်ထဲမှာ ဗီဇာလဲ ရထားပြီ၊ လေယာဉ်လက်မှတ်လည်း ရထားပြီ - ဘာလိုသေးတုန်း -
   စက်တင်ဘာ ၅ရက် နံနံက် ၁၁နာရီ သာသာမှာ ဒေါ်ကြီး ဒေါ်တင်တင်အေးထံမှ ဖုန်းလာပါသည်။
   "သား .. ငွေစက္ကူတွေ သိမ်းတယ်တဲ့ - ရေဒီယိုဖွင့်ကြည့် - ၇၅ကျပ်၊ ၃၅ကျပ် နဲ့ ၂၅ကျပ်တန်တွေတဲ့ - ဒီမှာ ဒေါ်မြင့်မြင့်သိန်းတို့လည်း ရောက်နေကြတယ်"
   ထိုနေ့ နံနက် ၁၁နာရီ သတင်းတွင် ငွေစက္ကူ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကျေငြာသည်။ ထိုအချိန်တွင် နိုင်ငံတော် ဒုတိယ၀န်ကြီးချုပ် သူရ ဦးထွန်းတင်နှင့် ဇနီး ဒေါ်မြင့်မြင့်သိန်းတို့ ဒေါ်ကြီးဒေါ်တင်တင်အေး အိမ် ရောက်နေကြသည်။ ထို ၇၉ - ဈေးကြီးလမ်းအိမ်၊ ကြည့်မြင်တိုင် ညဈေးအနီး - အောက်ထပ်တွင် ယာဉ်မောင်ရဲဘော်မှ နံနက်၁၁နာရီ သတင်းနားထောင်ခဲ့ရာ ရေဒီယိုထဲမှာ ငွေစက္ကူတွေ သိမ်းတာ ကြေငြာတာ ကြားရ၍ အိမ်ပေါ်ထပ်သို့ အမြန်ပြေးတက်လာသည်။
   "ဗိုလ်မှုးကြီး - ရေဒီယိုထဲမှ ငွေစက္ကူ ၇၅ကျပ်၊ ၃၅ကျပ် နဲ့ ၂၅ကျပ်တန်တွေ သိမ်းတာ ကြေငြာနေပါတယ်" ပြောလာရာ သူရဦးထွန်းတင်မှ အံ့အားသင့်စွာဖြင့်
   " ဟ - ငါ - ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ငါတောင်မသိရဘူး"

   သူတို့အားလုံး အံ့အားသင့်ကုန်ကြောင်း၊
   အမှန်မှာတော့ ထိုနေ့ နံနက်က ဦးနေ၀င်းနေထိုင်ရာ အေဒီလမ်းသို့ နိုင်ငံတော်ကောင်စီဝင်အချို့နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်မင်းဂေါင်ရော - ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးပါ (ဦးခင်မောင်ဌေး ထင်ပါသည်) ရောက်နေကြကြောင်း၊ ၁၀နာရီသာသာတွင် ဦးနေ၀င် ထွက်လာရင်း
   "၇၅ကျပ်တန်၊ ၃၅ကျပ်တန် နဲ့ ၂၅ကျပ်တန်တွေ သိမ်းဖို့ရှိနေတာပြောပြရင်း ကန့်ကွက်သူမရှိ သိလို၍ ဆန္ဒမဲပေးရန် ပြောရင်း ပြန်ဝင်သွားကြောင်း"
   ၁၀နာရီခွဲခန့် ပြန်ထွက်လာရင်း - ကန့်ကွက်မဲ ၁ခုတွေ့ရသဖြင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်ကို ခေါ်လာရင်း၊ " မင်း - ဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား" မေးခဲ့ကြောင်း၊ (မည်သူ၏ လက်ဗွေလဲ စစ်ခိုင်းတာဖြစ်ကြောင်း - ထိုကန့်ကွက်မဲမှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှုးကြီးတင်အေး လက်ဗွေဖြစ်တာ နောင်သိရကြောင်း)
   ခဏအကြာ ၁၀နာရီ မိနစ်၄၀ခန့်၌ ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့ကို ၁၁နာရီ သတင်းမှာ ကြေငြာရမှာတွေ ပြောရင်း အသံလွှင့်ရုံသို့ အချိန်ကိုက် စေလွှတ်လိုက်ကြောင်း၊ ၀န်ကြီး၂ပါး အသံလွှင့်ရုံရောက် - သတင်းလွှင့်ခန်းဝင် - ကြေငြာချိန်နှင့် ကွက်တိဖြစ်နေကြောင်း ..
   တို့ကို ဗိုလ်ချုပ်မင်းဂေါင်၏သား - ဘိုဘိုဦးမှ အမေရိကန်နိုင်ငံသို့ လာလည်ချိန် ၂၀၀၀ ခု အောက်တိုဘာလကုန်၌ ပြောပြခဲ့ပါသည်။ ဒါဆို ဘာလို့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ သူရဦးထွန်းတင် အပါအ၀င် မတိုင်ပင်သလဲ ...
    ကျွန်တော်သိရသလောက်မှာ - အစောပိုင်းက ရေးထားသလို ၁၉၈၀ ရွေးကောက်ပွဲ၌ သမ္မတကြီး ရော်နယ်ရီဂင် အရွေးခံခဲ့ရရာ စစ်အေးတိုက်ပွဲကြီး ပြီးဆုံးအောင်မြင်ရေးနှင့် နိုင်ငံတကာရှိ ကွန်မြူနစ်နိုင်ငံများ ဆိုရှယ်လစ်နိုင်ငံများ၊ စစ်အာဏာရှင်နိုင်ငံများကို အတတ်နိုင်ဆု့း ဒီမိုကရေစီနိုင်ငံများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ဖန်တီး၊ စီမံမှုများကို ထိုနိုင်ငံတိုင်း၌ လုပ်ဆောင်ခဲ့ရာ အများသိရှိပြီးသည့်အတိုင်း ရူမေးနီးယား၊ ဂျာမဏီ၊ ဖိလစ်ပိုင်၊ ရုရှား နှင့် နိုင်ငံများစွာ ၁၉၉၀ထိတိုင်အောင် ပြောင်းကုန်ကြရာ အမေရိကန်အစိုးရပိုင်းနှင့် နီးစပ်သော ဦးလေးမောင်မှတဆင့် လက်ရှိ တပါတီ မ.ဆ.လ - ဆိုရှယ်လစ်လမ်းစဉ်ကို ပယ်ဖျက်နိုင်ရေးမှာ လူထုမှ မ.ဆ.လ အစိုးရနဲ့ ပါတီကို တပြည်လုံးမှ ဆန့်ကျင်လာပါမှသာ ဖြစ်နိုင်သဖြင့် - ၁၉၈၅ခုနှစ်တွင် ရာတန်ငွေစက္ကူများကို တရားမ၀င် စကြေငြာခြ့ပါသည်။
   သို့တစေ - သတင်းပေါက်ကြားမှုအချို့ နှင့်အတူ ရာတန်ငွေစက္ကူများကို ငွေကြေးချမ်းသာသူများသာ ကိုင်နိုင်သဖြင့် - ထိုငွေစက္ကူ၊ ရာတန် - တရားမ၀င် စီစဉ်ခဲ့မှုမှာ မထိရောက်ခဲ့ပါ။
   တကမ္ဘာလုံးတွင် စစ်အေးတိုက်ပွဲ ရပ်နိုင်ရေး ကြိုးစားခဲ့သလို မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲနိုင်ရန် - စီစဉ်မှု ပြုခဲ့သော်လည်း ထို ၁၉၈၅ခုနှစ်တွင် မအောင်မြင်ခဲ့သဖြင့် ပိုမိုထိရောက်နိုင်ရန် ယခု ၁၉၈၇ခုနှစ် စက်တင်ဘာလ ၅ရက်နေ့၊ စနေနေ့ နံနက်တွင် မ.ဆ.လ အစိုးရမှ အဖွဲ့ဝင် လူကြီးများ တော်တော်များများ မသိခဲ့ရပဲ၊ ဦးနေ၀င်းမှ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန်များ တမင် သိမ်းခိုင်းခဲ့ပါသည်။
   ထိုငွေစက္ကူများ ရုတ်တရက် တရားမ၀င်ကြေငြာခဲ့သဖြင့် မြန်မာတပြည်လုံး - လူတိုင်းလိုလို ငွေဆုံးရှုံးကြရာ - ထို မ.ဆ.လ အစိုးရကို မကြေမနပ် စဖြစ်လာရင်း - နောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့တာ အများအသိပါပဲ ..။
   ထိုကိစ္စကြီးမှ တဆင့် ဆူပူမှုများစွာ ဆက်ဖြစ်လာရင်း ၈၈၈၈ အရေးအခင်းကြီးထိ ကြီးကျယ်သွားတာ တွေ့နိုင်ပါသည်။
   ထိုနေ့က ကျွန်တော်တို့မှာ ရှိတဲ့ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန် - စုစုပေါင်း ၂၅၀၀ ကျော် သုံးမရတော့ပါ။ ယောက္ခမဖြစ်သူ ဦးသာဒိုးလဲ စုထားငွေ ၃၀၀၀ ခန့် ထိသွားသည်။
   ထိုနေ့လည်ပိုင်းတွင် အကျဉ်းဦးစီးဌာန ဌာနရုံးချုပ်မှ ဖုန်းခေါ်လာပါသည်။
   " ဗိုလ်မှုးကြီးကို ရုံးချုပ်လာဖို့ ပြောပါသည်"
   ထိုအချိန်၌ ယောက္ခမဖြစ်သူ ဦးသာဒိုးမှာ Burman Golf Club ၌ ဆရာဝန်ကြီး ဒေါက်တာဖေသန်းမြင့် - တိုမိုရှစ်ပင်းကုမဏ္ဍီမှ ကိုမြင့်ဇော် တို့နှင့် အတူ ဂေါက်သီးကစားနေရာ - သူဝတ်ဆင်သည့် အကျဉ်းဥိးစီးဌာန - ဒုညွန်ကြားရေးမှုချုပ် - ငွေရောင်ဗိုလ်မှုးချုပ်တံဆိပ် - ၀တ်စုံကို ယူရင်း၊ ကျွန်တော်လဲ သူစီးသည့် Path Finder မာဇဒါ ဂျစ်ကားပြာ အရှည်ကြီး မောင်းလာရင်း ကျွန်တော်လည်း သူစီးသည့် Path Finder မာဇတာကားပြာ အရှည်ကြီး မောင်းရင်း Burman Golf Club သို့ မောင်းသွားရပါသည်။

   အမှန်မှာတော့ ထိုနေ့ညနေတွင် ယောက္ခမအား သွားကြိုရင်း ဂေါက်သီးကစားဖေါ် ကိုမျိုးဒန် - တေဇ တို့နဲ့ အတူ - နှုတ်ဆက်ပွဲလုပ်ရန် စဉ်းစားထားသော်လည်း - ငွေစက္ကူကိစ္စ ဖြစ်လာ၍ ပွဲပျက်သွားရပါသည်။
   Burman Golf Club ရောက်တော့ ညနေ ၃နာရီ ကျော်နေပြီ၊ Club ထဲမှာ လူတွေရုတ်ရုတ်သဲသဲပါပဲ။ မျိုးဒန်နဲ့ တေဇ တို့ကို လိုက်ရှာရာ - ကွင်းထဲမှာလား၊ ပြန်သွားသလား ဘယ်သူမျှ မပြောနိုင်။
   တေဇက ကျွန်တော့ထက် ၇နှစ်ငယ်သည်။
   ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်း ညွန့်ဦးရဲ့ ညီငယ် - မိုးဦးနဲ့ သူနဲ့က အချစ်ဆုံးသူငယ်ချင်းတွေ -
   ထိုစဉ်မှစ ယနေ့အထိ မျိုးဒန်နဲ့ရော တေဇနဲ့ပါ ကျွန်တော်ပြန်မတွေ့တော့ပါ။ တေဇကတော့ အလုပ်လုပ်တော့ သူလည်း ငွေဆုံးရှုံးသွားမှာပါပဲ။
  
    ယောက္ခမကိုတွေ့တော့ ရုံးချုပ်မှ ဖုံးခေါ်တာ ပြောပြရင်း သူ့ယူနီဖေါင်းပါလာတာ ပြောပြပါသည်။ သူလည်း အ၀တ်လဲခန်းသို့ ထွက်သွားပါသည်။
    သူနဲ့အတူ အင်းစိန်ထောင် - ညွန်ကြားရေးမှုးချုပ်ရုံး ရောက်ကြတော့ ၄နာရီထိုးပြီးပြီ။ ပါပါမှ မင်း - ပြန်တော့ ဆိုခဲ့သော်လည်း ကျွန်တော်မပြန်ပါ။
    အင်းစိန်ထောင်သို့ ကားမောင်းသွားစဉ် ခုလိုဘာကြောင့်ဖြစ်ခဲ့ရတာ - ဘာဆိုဘာမှ မသိရသေးတဲ့ ကျွန်တော်မှ ငွေစက္ကူတွေ ဘာဖြစ်လို့ သိမ်းရတာလဲ ဟု မေးရာ၊ သူလဲ မကြေမနပ်နှင့် "သောက်ရူးထတာ" .. တဲ့။
    နောက်နေ့သည် စက်တင်ဘာ ၆ရက်နေ့ - တနင်္ဂနွေနေ့
   တပ်မတော်ဂေါက်ကွင်းမျာ အမြဲလို ကစားနေကျ သူနှင့် ပြည်တဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က တတွဲ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ပတ်စပို့လက်မှတ်ထိုး ထုတ်ပေးသူ ဦးစိုးမြင့်က တတွဲ၊ ဂေါက်သီးကစားခဲ့ကြပါသည်။
   ဗိုလ်ချုပ်ကြီးစောမောင်က ဗိုလ်သင်တန်းအပတ်စဉ်၆၊ ဗိုလ်ချုပ်မင်းဂေါင်က အပတ်စဉ် ၇ - ပါပါ ဦးသာဒိုးက အပတ်စဉ် ၈၊ ဗိုလ်ချုပ်သန်းရွှေက အပတ်စဉ် ၉ -
    ညနေပိုင်း တပ်မတော် ဂေါက်ကွင်းသို့ သွားကြိုချိန် ရိပ်သာထဲ စားသောက်နေကြသည့် ယောက္ခမအနားသွားရောက်နေကြောင်း မျက်နှာသွားပြရာ ပါပါ ဦးသာဒိုးမှ ခေါင်းညိတ်ပြလိုက်ပါသည်။
   ကျွန်တော်ပြန်လှည့်ထွက်လာချိန် စားပွဲမှာ ထိုင်နေသူ - ဗိုလ်ချုပ်ကြီးစောမောင်မှ " ဗိုလ်သာဒိုး  ဘယ်သူလဲ " ဟု မေးနေသံကြားရပြီး ပါပါမှ
  " ကျွန်တော်သားမက် အကြီးပါ၊ လေတပ်က ဗိုလ်မှုးကြီးအောင်ညွန့်သားပါ" ပြန်ပြောခဲ့ရ
   ဗိုလ်ချုပ်ကြီးစောမောင်မှ "စီနီယာကြီး" .. တဲ့။
   ပါပါ နဲ့အတူ အိမ်ပြန်ရောက်တော့ ည ၉နာရီထိုးနေပြီ၊
   သူ ထမင်းစားပွဲမှာ ထိုင်တော့ ကျွန်တော်လည်း လိုက်ထိုင်ပါသည်။

   ငွေစက္ကူသိမ်းတာတွေနဲ့ ပတ်သက်ပြီး - လူကြီးတွေ ဘယ်လိုခံစားရတာ သိချင်နေသည်။ သူငွေ၃၀၀၀ကျပ် ဆုံးရှုံးသွားတာ (လခ ၂လခ) စိတ်မကောင်းပါ။ တလမှလစာ ကျပ်၁၅၀၀ပဲရရာ - လဘ်လဲမစား၊ ခုခေတ်လို ပွပေါက်လဲ မရှိချိန် (ထောင်မင်းကြီးမို့ စခန်းစုံမှ တပည့်တွေ လာကန်တော့တော့တဲ့ စားစရာမျိုးစုံ ပေါများပေမဲ့) မရှိမဲ့ ရှိမဲ့ ငွေလေး ၃၀၀၀ ပါသွားတာကို ကြေနပ်ပုံမရ၊
   ကျွန်တော်က မနက်ဖြန် - အမေရိကား သွားတော့မှာမို့ ရောက်တတ်ရာရာ ပြောနေရင်းမှ
   " ဗိုလ်ချုပ်စောမောင်နဲ့ ဗိုလ်ချုပ်မင်းဂေါင်းတို့ရော ထိသွားသလဲ ပါပါ"  မေးမိရာ - ဗိုလ်ချုပ်စောမောင်လဲ ငွေ ၃၀၀၀ လောက်ထိသွာတယ်တဲ့။
   "သူ - ဘာပြောသေးသလဲ ပါပါ"  မေးမိတော့
    ပါပါမှ ကျွန်တော်ကိုကြည့်ရင်း
    " ခေါင်က စဖြုတ်လိုက်"  လို့ ပြောနေတယ်
   ဗိုလ်ချုပ်ကြီးစောမောင်လဲ ဦးနေ၀င်းကို မေတ္တာပို့နေသည်။ သို့သော် - ထိုအချိန်ထိ ဗိုလ်ချုပ်မင်းဂေါင်းမှ ဗိုလ်ချုပ်စောမောင်ကို မနေ့က သူတို့ကို ခေါ်လာရင်း တမင်းစီစဉ်တာတွေ ပြောပြပုံမရသေးပါ။ ကျွန်တော်တည်း ၂၀၀၀ခုနှစ် ညီညီဦး အမေရိကားလာစဉ် ပြောပြမှသာ သိခဲ့ရပြီး ချင့်ချိန်စဉ်းစားပြီးမှ ယခုလိုရေးသားရသည်ကိုး၊

    ဤသမိုင်းဖြစ်ရပ်မှန်ကိစ္စများကို မြန်မာတိုင်းသိသင့်သည် ထင်ပါသည်။ သို့မှသာ ဘာကြောင့် ၁၉၈၅ နှင့် ၁၉၈၇ တို့၌ ငွေစက္ကူတွေ သိမ်းခြင်းမှာ ပါပါပြောသလို ဦးနေ၀င်းသောက်ရူးထခြင်း ဟုတ်မဟုတ်၊ ဘာကြောင့် ခုလိုဖြစ်ခဲ့ရတာ လူအများသိနိုင်ပါမည်။
    ထိုငွေစက္ကူသိမ်းမှုကြီးသည် မြန်မာပြည်တွင် အပြောင်းအလဲကြီးများ ဖြစ်လာရန် အဓိကဖြစ်ခဲ့သည်မှာ မည်သူမျှ ငြင်းမရနိုင်ပါ။
    ဒီလိုနဲ့ စက်တင်ဘာ ၇ ရက်နေ့  ၁၉၈၇ နံနက်မှာ ကျွန်တော် အမေရိကားလာဖို့ ကျွန်တော်နေထိုင်ရာ အမှတ် ၉၉ - နန္ဒ၀န်လမ်း ၊ ဗဟန်းမြို့နယ် - အိမ်မှ ထွက်လာခဲ့ပါသည်။
   လေတပ်စစ်ဦးစီး ဗိုလ်မှုးကြီးသိန်းဝင်း၏ ဇနီးသည် အန်တီသန်းရော၊  မရီး အန်တီဆင့် ပါ လေဆိပ်သို့ လိုက်ပါပို့ဆောင်ကြပါသည်။ ကျွန်တော်နဲ့အတူတူ ကိုမင်းဟန်၊ မမရီရီဌေး တို့ရဲ့ မိဘ အန်ကယ်နဲ့ ၊ အန်တီ အတူတူသွားဖြစ်ကြပါသည်။
   ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ၆ခါမြောက် ရောက်ရပြီး၊ လေဆိပ်ဟိုတယ်မှာပဲ ညအိပ်ကြပါသည်။ ငယ်စဉ်က ဖခင်သံမှုးအဖြစ် ဂျပန်နိုင်ငံသို့ သွားချိန်မှာရော - သင်္ဘော၂ခေါက်လိုက်ခဲ့စဉ် အ၀င်အထွက် ၂ခါစီ၊ ၄ခါနှင့် ယခုအခါနှင့်ပါ ၆ခါရှိပါပြီ။ ဘန်ကောက်မြို့တွင်းသို့ တခါမှ မရောက်ဖူးပဲ၊ လေဆိပ်မှပဲ ပြန်ထွက်၊ တိုင်ဝမ်မှာ ခေတ္တရပ်နားပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်မြို့ LAX လေဆိပ်သို့ စက်တင်ဘာလ ၈ ရက်နေ့ တကယ်ရောက်လာရပါပြီ။
    ထိုမှ ၂မိသားစု - လူ ၁၂ဦးဖြစ်နေမှာမို့ သြဂုတ်လကုန်က မမိမိခင်မှ 3412 Rachel Ave West Covina City အိမ်ကို စရံငွေ (မောင်နှမတွေ ၀ိုင်းစု) ၀ယ်ထားကြောင်း.. ထိုအိမ်မှာ အိပ်ခန်း ၄ခန်းပါသဖြင့်၊ မမိမိခင်တခန်း၊ ကိုခင်မော်နှင့်ညီမ တခန်း၊ ကျွန်တော်က တခန်း၊ ကိုစံသာမှ တခန်း နေခဲ့ကြပါသည်။
    ၁၉၈၈ခု သြဂုတ်လကုန်ပိုင်း ဦးကျော်ငြိမ်း၏ သားကိုတွတ် လာလည်ရာမှ မထင်ထားသော ကိစ္စများကြောင့် ၂ပါတီ ထိပ်သီးကြီး ၂ဦး ရန်ဖြစ်ရာမှ ပြည်တွင်းစစ်ကြီးစဖြစ်ခဲ့ရတာ တကယ်ဟုတ်နေလို့ ဤစာအုပ်မှာ မိမိသိထားသမျှ ရေးဖို့ ဖြစ်လာပြီး သမိုင်းမှန်ကို အဖြေရှာနိုင်ပြီး ဖြစ်ပါသည်။
 
    သို့သော် ထိုစဉ်က ကျွန်တော်၏နိုင်ငံရေး ပါဝင်မှုမှာ သူငယ်တန်းအဆင့်ပဲ ရှိနေလို့မို့ - နိုင်ငံရေးသမား၏သား - ပြောဆိုခဲ့ရာတွင် နားထောင်နေရုံမှ တပါး အခြားမရှိခဲ့ပါ။
    ယနေ့ ကာလတွင်မူ မြန်မာပြည် ဖြစ်ပျက်ခဲ့သမျှ ပြန်လည်သုံးသပ်နိုင်ပြီမို့ - သူပြောသလိုပါပဲ..
    မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဦးကျော်ငြိမ်းကြောင့်ပဲ ဖြစ်ပါသည်ချင်ဗျား...။

အခန်း(၂) ပြီး၏

Saturday, 18 June 2011

အမေရိကန်ဗီဇာရရှိပြီး နှုတ်ဆက်ရသူများ

   ကျွန်တော် အမေရိကားသွားမှာ ပြောပြတော့ မိသားစုအတွက် စိတ်မပူဖို့ ပြောရှာသည်။ တကယ်လည်း သူတို့မိသားစုမှ ကူပါသည်။ ဖေဖေမရှိတော့တဲ့ မေမေရော၊ ဒေါ်ကြီးတို့ရော အန်ကယ်သိန်းဝင်းမိသားစုမှ အမြဲကူညီပါသည်။
   အန်ကယ်သိန်းဝင်းရဲ့ ဇနီး အန်တီသန်းသန်းမှာ ဆရာမတစ်ဦးဖြစ်ပြီး အင်မတန် အေးဆေး၊သိမ်မွေ့သည်။ အခုတော့ အန်တီသန်းသန်း မရှိရှာတော့ပါ။ ဆုံးရှာပါပြီ၊
   ကျွန်တော် အမေရိကားလာဖို့ လေဆိပ်ဆင်းတော့ မရီးဖြစ်သူ အန်တီဆင့်ရော၊ အန်တီသန်းသန်းပါ ကျွန်တော်တို့ မိသားစု လေဆိပ်ထဲ ၀င်ရေးမှအစ - ကူညီပြီး လိုက်ပို့ပေးခဲ့ပါသည်။
   ဒေါ်ထွေး အသုဘ ကိစ္စဖြစ်နေ၍ အမေရိကားလာဖို့ တစ်ပတ် နောက်ကျသွားခဲ့ပါသည်။

   အဲဒီမှာ မြန်မာပြည်ရဲ့ တကယ့်ပြဿနာကြီး စဖြစ်တဲ့ စက်တင်ဘာ ၈၇ ငွေစက္ကူသိမ်းမှုကြီးကို အနီးကပ်ကြုံခဲ့ရသည်။ ၇၅ကျပ်၊ ၃၅ကျပ်၊ ၂၅ကျပ် ငွေစက္ကူသိမ်းမှု ကိစ္စဖြစ်ပါသည်။ စောစောက ဗီဇာရရှိရေးကိစ္စ ပြန်ရေးရပါလျှင် ကျွန်တော့ဇနီး ခိုင်နဲ့ ညီအစ်မတွေလို နေနေတဲ့ မမနီ နဲ့ ညီမ အဲန်း (ရီရီစန်း) တို့ အိမ်လာလည်တော့ ကျွန်တော်အမေရိကားသွားဖို့ စီစဉ်နေတာ ပြောခဲ့သည်။
   အဲဒီမှာ ဗီဇာရမလား မေးတော့ ရှေ့အပါတ်ထဲမှာဆိုတော့ အဲန်းရဲ့ သူငယ်ချင်း ခင်ခင်ထွန်းမှ သူ့အစ်ကို ကိုခင်ဇော် နဲ့ ကောင်စစ်ဝန် Mr. Steven စတီဗင်ဟော်ရီဂင် က သိပ်ခင်ကြတယ် ပြောပြခဲ့ပါသည်။
   အဲဒါနဲ့ ကိုခင်ဇော်ကို အကူအညီတောင်းတော့ ကောင်စစ်ဝန်အိမ်သို့ တညနေ လိုက်ပို့ပါသည်။  အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းအနီးရှိ အမေရိကန်ကောင်စစ်ဝန်အိမ်သို့ သွားခဲ့ကြရာ ကောင်စစ်ဝန် မစ္စတာစတီဗင်ဟော်ရီဂင်ကို မတွေ့ခဲ့ရပါ။ သူအပြင်သွားနေ၍ ဇနီးဖြစ်သူ ထိုင်းနိုင်ငံသူပဲ တွေ့ခဲ့ရပါသည်။
   မည်သို့ပင်ဖြစ်စေ ထို ကိုခင်ဇော်၏ ကူညီမှုသည် ကျွန်တော်တစ်ဦးတည်းအတွက်သာ မဟုတ်ပဲ - နောင် တွင် အမေရိကန်နိုင်ငံတွင် မြန်မာလူမျိုးများစွာ တရားဝင်အခြေချနေထိုင်နိုင်ရေး များစွာကူညီခဲ့တာ ဤစာအုပ်ဖတ်ပြီးချိန်တွင် တွေ့ရပါမည်။

   ဒီလိုနဲ - ဗီဇာရက်ချိန်း မရမီ နိုင်ငံကူးလက်မှတ် Passport ထုတ်ရသည်။ ဗီဇာရက်ချိန်းနေ့တွင် အမေရိကန်နိုင်ငံ ကောင်စစ်ဝန်နှင့် သွားတွေ့ရသည်။ သြဂုတ်လ ၂၅ရက်နေ့ ဖြစ်ပါသည်။  ထိုနေ့တွင် နာမည်ကြီး စတီဗင်ဟော်ရီဂင်ကို စတွေ့ရသည်။ သူ့ရှေ့ထိုင်ခုံမှာ ၀င်ထိုင်ပြီးချိန် ကျွန်တော့ပတ်စပို့အား သေသေချာချာ ဟိုလှန်၊ သည်လှန် လုပ်နေရင်းမှ ..
  "မင်း - အမေရိကာ အရင်က ရောက်ဖူးတယ် .. နော် .."  တဲ့
  "ဟုတ်ကဲ့"
   "ဘာဖြစ်လို့ ဆင်းမနေခဲ့သလဲ ." .. တဲ့
  ပတ်စပို့ထဲမှာ အမေရိကန် ဆိပ်ကမ်းမြို့တွေရဲ့ Show Pass တွေ ဗီဇာတုံးတွေ ရိုက်ထားတာ သူတွေ့ပါလိမ့်မည်။
  ကျွန်တော်မှ "Why I need to jump out?  ငါ .. ဘာဖြစ်လို့ ဆင်းနေခဲ့ရမှာလဲ.."
  ငါ ဒီမှာ သူဌေးလိုနေနိုင်တယ်။ အပတ်စဉ် ဂေါက်သီး ၃ကြိမ် ကစားတယ်။ အလုပ်လုပ်စရာမလိုဘူး၊ ချမ်းသာတယ်။ ဟိုမှာ ဘယ်လိုနေရမှလဲ !   ဟု ပြန်ပြောခဲ့ရာ မစ္စတာစတီဗင်မှ ပြုံးပါသည်။
  " ဘာသွားလုပ်မှလဲ"  မေးလာတော့
  " ငါ့ညီမက လော့စ်အိန်ဂျယ်မှာနေတယ်။ ငါတို့ သင်္ဘောက East ဒေသမှာ။ ငါတို့ မတွေ့ရတာ ၃နှစ် ရှိရော့မယ်။ သွားလည် သွားတွေ့မလို့ပါ  "
   "ဘယ်လောက်ကြာမလဲ!"
   " တစ်လ သို့မဟုတ် နှစ်လ - One months or two months "
   မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် - ကံငါးပါးမှာ တစ်ခုပါသည့် မုသာစကား ကျွန်တော်ဆိုမိပြီ။
   သူ့ကို ကျွန်တော်ရေးတဲ့ ပြည်တွင်းစစ်နဲ့လေကြောင်းအကူ စာအုပ်ပြတော့ - နောက်ကျောဖုံးက ကျွန်တော့ပုံကို ကြည့်ရင်း
   " Is this you? "   ဒါ ..မင်းလား  ... ဆိုရင်း ပြုံးပြန်ပါတယ်။

    ဒီနောက်မှာတော့ သူဘာမှ ထပ်မပြောတော့ပဲ ကျွန်တော့ပတ်စပို့ စာအုပ်တွင် ဗီဇာ၁နှစ် ရိုက်ပေးပါသည်။ သူ ကျွန်တော့ကို စေတနာထားတာ ကျေးဇူးတင်ပါသည်။ သူဗီဇာပေး၍ ကျွန်တော် အမေရိကန်နိုင်ငံ ရောက်ရှိခဲ့ရပြီးနောက် မြန်မာလူမျိုးများနှင့် အခြားသူများအကျိုး မည်မျှဆောင်ရွက်ပေးနိုင်ခဲ့သည်ကို ဤစာအုပ်ဖတ်ပြီးချိန်မှ သိကြရပါမည်။
    သို့သော် သူ၏ ထိုစေတနာသည် ကျွန်တော်ချစ်သော မြန်မာပြည်နှင့် ၂၃နှစ်ကျော် ခွဲခွာနေဖို့ ဖြစ်လာမှာကိုသာ ထိုစဉ်က ကျွန်တော် ကြိုသိခဲ့ရပါလျှင် ဗီဇာရဖို့ထက် အပယ်ခံရဖို့ပဲ ဆုတောင်းမိမလား မသိပါ။
    အန်တီ လူစီချောင်း နဲ့ အတွင်းရေးမှုးမများ မျက်လုံးပြူးသွားကြသည်။ ဗီဇာရရန် ခက်ခဲသော စတီဗင်ထံမှ ဗီဇာ ၆လသာ အများဆုံး ရတတ်ပါရက် - ယခု ကျွန်တော်ကျမှ ဗီဇာ တစ်နှစ်ကြီးများတောင် ရိုက်ပေးတာ ဘာကြောင့်လဲလို့ စဉ်းစားနေကြပါသည်။
   အမှန်မှာတော့ ကိုခင်ဇော် မျက်နှာရော၊ သူတို့အိမ်သွားခဲ့စဉ်က ယောက္ခမရဲ့ ကားကြီးနဲ့မို့ မျက်နှာပွင့်လန်းတာပဲ ဖြစ်ပါလိမ့်မည်။
   တခဏအကြာမှာတော့ စာရေးမမှ စတီဗင် အနားရောက်လာရင်း တခုခု ပြောသည်။ အဲဒီမှာ မစ္စတာ စတီဗင်မှ ကျွန်တော့ ပတ်စပို့သက်တမ်း တစ်နှစ်ပဲ ရှိနေ၍ ဗီဇာတစ်နှစ် ပေးလို့ မရကြောင်း၊ ၆လပဲ ပေးမည်။ ထပ်နေချင်ရင် ဟိုမှာသက်တမ်းတို့ဖို့ ပြောပါသည်။

   ကျွန်တော့ဘ၀တွင် မမေ့အပ်သော ပုဂ္ဂိုလ်များစွာ ရှိခဲ့ရာ၊ သူနှင့် ကိုခင်ဇော်လည်း ပါလာပါပြီ -။
   ကျွန်တော် သူ့ကို နှုတ်ဆက် ပြန်ခဲ့သည်။
   အမေရိကားသွားရဖို့ သေချာပြီ။   

    မစ္စတာစတီဗင် အမ်ဟော်ရီဂင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ရာ " You're Welcome" ပါတဲ့။
    စိတ်ထဲမှာ ဘာလို့ ခုလို " You're Welcome "  ပြောပါလိမ့် စဉ်းစားမိခဲ့ပါသည်။
    သူပေးသော ပတ်စပို့စာအုပ် - လှမ်းယူရင်း ပတ်စပို့ထဲမှ ဗီဇာ ၆လ ရိုက်ထားတာ လှန်ကြည့်ပြီး နောက် - ပြန်ရန်ထိုင်ရာမှ ထပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောခဲ့တော့ " You're Welcome , Good Luck"  တဲ့..။
    ထို Good Luck သည် အမေရိကန်နိုင်ငံအတွက်ရော..၊ နိုင်ငံတကာမှ အမေရိကားတွင် ရောက်ရှိရင်း ဗီဇာသက်တမ်းကျော်လွန်ကာ Overstay ဖြစ်နေကြသူ ၁၁ သန်းကျော်တို့အတွက်ပါ ဖြစ်လာပါသည်။
    ဗီဇာလဲ ရပြီ - သွားရမည့် နေ့လဲ သိရပြီ .။
    စက်တင်ဘာလ ၇ ရက် - ၁၉၈၇ ခုနှစ်ပါပဲ..။

   အိမ်ပြန်ရောက်တော့ မိသားစုအားလုံး ၀မ်းသာကြသည်။ သင်္ဘောသားဘ၀ထက် သာသော - ကမ္ဘာတွင် အကောင်းဆုံး တိုင်းပြည်သို့ အဆင်ပြေစွာ သွားရတော့မည့် ကျွန်တော့ကို ၀ိုင်း အထင်ကြီးနေကြသည်။ ဟိုရောက်တာနဲ့ ကျေးဇူးရှင် ဦးဇင်မော် ရှာပေးထားတဲ့ ဓါတ်ဆီဆိုင်မှာ Casher ငွေကိုင်စာရေး တန်းလုပ်ရမည်။ အနည်းဆုံး လစာ တလ ဒေါ်လာ ၈၀၀ ဆိုတော့ သွားလာစရိတ် နှုတ်အုန်း၊ တလ ဒေါ်လာ ၄၅၀ခန့် စုမိမည်။ တနှစ်ဆို ဒေါ်လာ ၅၀၀၀ ကျော်ပေါ့ -။
   သွားရဖို့က ၁၀ရက်လောက်ပဲ ကျန်တော့ - နှုတ်ဆက်ရမဲ့လူတွေကို လိုက်နှုတ်ဆက်ပါသည်။ ဘကြီး၊ ဦးလေးရင်းတွေလို နေလာခဲ့တဲ့ မဟေသီမဂ္ဂဇင်းမှ ဗိုလ်မှုးကြီးစောမြင့်၊ အန်တီတင်တင် တို့ထံ ဖုန်းဆက်ခဲ့တော့ အပြင်သွားနေသည်ဆို၍ ဖုန်းထဲမှာပဲ ပြောပြရင်း ထပ်ဖုန်းဆက်ကာ နှုတ်ဆက်ပါမည် ပြောမိပေမဲ့ မသွားဖြစ်ခဲ့တော့ပါ။ (ဘာလို့ဆို စက်တင်ဘာ ၅ရက်နေ့ ငွေစက္ကူပြဿနာ ပေါ်လာပြီး အလုပ်များသွား၍ ဖြစ်သည်။)
   ထိုညနေ ဒေါ်ကြီးအိမ် သွားခဲ့ပါသည်။ အရင်ခေါက်တွေ သွားခဲ့စဉ်က ဒေါ်ကြီး ဒေါ်တင်တင်အေးမှ ဦးနေ၀င်း၊ ဒေါ်ခင်မေသန်းတို့ရဲ့ သမီးကြီး မမသော်တာဝင်းနဲ့ မိတ်ဆက်ပေးခဲ့ပါသည်။
   " သား .. ဒါ .. မသော်တာဝင်း - စန္တာဝင်းရဲ့ အစ်မ - သော်တာရေ၊ ဒါ - သား၊ တူ - ဇာနီညွန့် - ကိုကို့-သား၊ စာရေးဆရာ ဇာနီမောင်၊ ဇာဏီညွန်အောင် - မဟေသီမှာ စာရေးတယ်။ သင်္ဘောသား - ခု အမေရိကားသွားဖို့ လုပ်နေတယ်"
   မမသော်တာဝင်းရဲ့ အသားတော်တော်လှသည်။ ရုပ်က နန်းဆန်သည်၊ အထက်တန်းလွှာပီပီ နေထိုင်တာ အထက်တန်းကျလှသည်။ ကျွန်တော့ ဒေါ်ကြီးမိတ်ဆက်ပေး၍ နှုတ်ဆက်ရပါသည်။
   " ကျွန်တော် - ကိုဖြိုး နဲ့ ခင်ပါတယ်"
   ဦးနေ၀င်း၏ သားတဦးဖြစ်သူ ကိုဖြိုးေ၀၀င်းနှင့် ကျွန်တော်ခင်မင်ခဲ့သည်။ ၁၉၇၄ ခုနှစ်ခန့်က သူငယ်ချင်းဖြစ်သူ ကိုအောင်ဘကြူး (ယခု - သံရုံးအကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာန - ကနေဒါနိုင်ငံ) ၏ ဖခင် ဦးဘကြူး ဆုံးတုံးက အသုဘသွားမေးရင်း အသုဘအိမ်မှာ တစ်ချပ်မှောက် ဖဲကစားခဲ့ရာ - ကိုဖြိုးေ၀၀င်းလည်း ပါပါသည်။ တညလုံး ဖဲအတူရိုက်ခဲ့သော်လည်း ဦးနေ၀င်း၏ သားဖြစ်မှန်း မသိခဲ့ပါ။
   နံနက်မိုးလင်းချိန် ၀ိုင်းသိမ်းမှ ကုလားကြီးက မိတ်ဆက်ပေးပါသည်။ (အောင်ဘကြူးကို ခင်မင်သူများက ကုလားကြီးပဲ ခေါ်ကြပါသည်။)  "  တူးကြီး၊  ဒါ .. ဖြိုးေ၀၀င်း.. သိတယ်မှုတ်လား"
   " ဟာ .. ကျွန်တော် နာမည်ကြားဖူးပါတယ် .."
   ကိုဖြိုးေ၀၀င်းကို ကျွန်တော်ရေးသောစာအုပ် လွယ်အိတ်ထဲမှ ထုတ်ပေးသည်။ မေတ္တာလက်ဆောင် -
   ထိုနေ့က ကျွန်တော် ငွေ၂၀၀ခန့် နိုင်ခဲ့ရာ၊ နံနက်၅နာရီလောက်မှာ ကိုဖြိုးေ၀၀င်းနဲ့ သူငယ်ချင်း ၃ - ၄ ဦးနဲ့ အတူ မြေနီကုန်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှိ ဗိုလ်ချုပ်အောင်ကြီး ရဲ့ လဘက်ရည်ဆိုင်ဝင်း - နံနက်စာ စားခဲ့ကြပါသည်။ ကျွန်တော်ပဲ ဒကာပေါ့။
   နောင် - ဘော်လုံး အတူကန်ခဲ့ကြသည်၊ အတော်ရင်းနှီးသိကြွမ်းခဲ့ပါသည်။
   မမသော်တာမှ ပြုံးပြီး ..
   " နောက်တွေ့လဲ ခေါ်နော် .. "  တဲ့-
   ကျွန်တော်လည်း အမေရိကားထွက်လာ - မမသော်တာဝင်းလဲ အင်္ဂလန်ရောက်နေသည် ကြားရပါသည်။
   နောက်နေ့ကျတော့ ကျွန်တော် အေဒီလမ်း သွားပါသည်။ ဒီလို ရေးလိုက်လို့ ထိုစဉ်က နံပါတ်ဝမ်း ဦးနေ၀င်းနှင့် သွားတွေ့သည် မထင်လိုက်ပါနှင့်။
   ဦးနေ၀င်းနေထိုင်ရာ အေဒီလမ်းထဲမှာ ရှိနေတဲ့ အန်ကယ် ဦးလေးမောင်ထံ သွားနှုတ်ဆက်ခြင်းသာ ဖြစ်ပါသည်။ အန်ကယ်ဦးလေးမောင်ရဲ့ သမီး ခင်နှင်းအေးနဲ့က RUSU မှာ သင်္ချာအဓိက အတူတူတက်ခဲ့ဖူးသည်။ ထို့အတူ အန်ကယ်ဦးလေးမောင်နဲ့ မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးကလည်း ရှိခဲ့လို့ သူ့ထံ သွားနှုတ်ဆက်ပါသည်။
   ဖေဖေကွယ်လွန်၍ အသုဘချတဲ့နေ့က  ၁၉၈၁ခု၊ ဒီဇင်ဘာလ ၁၈ရက်နေ့ ဖြစ်ပါသည်။ ထိုအချိန်က လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကိုကြီးမှ ထိုနေ့ကို လေတပ်ရုံးပိတ်ရက် သတ်မှတ်လိုက်ရင်း၊ ဖေဖေ့ကို ဂုဏ်ပြုပါသည်။
   ၁၉၄၀ ဖေဖေါ်ဝါရီလမှာ RAF အင်္ဂလိပ်လေတပ် ၀င်ခဲ့တဲ့ ဖေဖေ့အသုဘမို့ လူကြီးတွေ အတော်လာကြပါသည်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခမှာ အင်ဂျင်နီယာကျောင်းတွင် ဖေဖေနဲ့ Classmate တတန်းထဲ သူငယ်ချင်းတွေမို့ "ဖိုးခ" ပဲ ခေါ်ခဲ့သည်။
   အဲဒီမှာ အန်ကယ်ဦးလေးမောင် ရောက်လာသည်။
   သူ .. အိမ်ရှေ့မှာ ဖိနပ်ချွတ်ပါသည်။ သူ့ဖိနပ် အသစ်ကြီးကို ကျွန်တော်မြင်ရသည်။ သူ့ကို ခရီးဦးကြိုပြုရင်း ဖေဖေ့ အလောင်းပြင်ထားရာသို့ လိုက်ပို့ပေးခဲ့ပါသည်။
   ထိုစဉ်က ဦးလေးမောင်သည် ရာထူးအတော်ကြီးသည်။ ဦးနေ၀င်းရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး၊ ဘာမဆို - သူပြီးလျှင် ပြီးသည်။ နေတာကလည်း ဦးနေ၀င်းရဲ့ အိမ်နားမှာပါပဲ ။
   ဖေဖေ့အလောင်း သူကြည့်ပြီးတော့ ကျွန်တော်မှပင် သူ့အနားသွားရပ်ကာ - သူ့ကို ပြန်ပို့ရပါသည်။ အသုဘ ချကာနီးပြီမို့ - လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေပါပြီ။
   အိမ်ရှေ့ပြန်ရောက်တော့ သူချွတ်ခဲ့တဲ့ ဖိနပ်ကြီး ပြန်ဝတ်ဖို့ လုပ်ရာ - သူ့ရဲ့ ဖိနပ်အသစ်ကြီးက ထိုနေရာမှာ မရှိတော့ပါ -
   မြန်မာပြည် အသုဘတွေရဲ့ ထုံးစံအတိုင်း - ဖိနပ်ကြီး ပိုင်ရှင်ထံ ပြေးပါပြီ - ဘိုင်းဘိုင်။
  
ခုနတင် ဒီနေရာမှာ သေသေချာချာ ချွတ်ခဲ့တဲ့ - ဖိနပ်အသစ်ကြီးက ဘယ်နေရာမှာမှ သွားမပုန်းနိုင်ပါ။ တကယ်ပဲ ဦးလေးမောင်ကို ဘိုင်းဘိုင် လုပ်သွားပါပြီ။
   ကျွန်တော်လည်း သူ့ဖိနပ်ပျောက်သွားတာ သေသေချာချာ သိရလို့ သူ့ကို အားနာမိသည်။ သူ့မျက်နှာ လှမ်းကြည့်တော့ အိနြေ္ဒပျက်ချင်ချင် ဖြစ်နေပေမဲ့ လူကြီးလူကောင်းမို့ထင်ပါရဲ့ ၊ မျက်နှာမပျက်၊
   အဲဒီမှာတင် ကျွန်တော် ငတက်ပြား ဖြစ်သွားရပါသည်။
   ရှင်းရှင်းရေးရလျှင် ဖိနပ်သူခိုး လုပ်လိုက်ရပါသည်။
   "  ဟာ .... ဒီမှာ အန်ကယ့်ဖိနပ် " ... ဆိုကာ .. အနားမှာရှိနေတဲ့ ဘယ်သူ့ဖိနပ်မှန်း မသိရတဲ့ ဖိနပ်လတ်လတ် တရံကို လှမ်းယူရင်း သူ့ရဲ့ ခြေနားမှာချ - ကျွန်တော်ပဲ ကောက်စွတ်ပေးရင်း - ကျွန်တော်ဖိနပ်သူခိုးလုပ်လိုက်ရပါသည်။ ထိုပိုင်ရှင်အား ကန်တော့ တောင်းပန်ပါသည်။
   အဲဒီကျမှ ဦးလေးမောင်ဆိုသူ ဦးနေ၀င်းလက်ရုံးတစ်ဆူ၊ ပုဂ္ဂိုလ်ကြီးမှာ ကြည့်မြင်တိုင်နေ ဖိနပ်သူခိုးထံ လက်နက်မချပဲ - ဖိနပ်ဓါးပြလုပ်ကာ  ဥပမာနှိုင်းရပါက - အိမ်သာသွားချင်ချိန် - အိမ်သာထဲမှာ အားရပါးရ ညှစ်လိုက်ရသူလို ၀မ်းသာပီတိတွေဖြစ်၊ အဲဒီလို မျက်နှာမျိုးနဲ့ ကျွန်တော့အားလည်း ကျေးဇူးတင်တဲ့ ပုံနဲ့ ကြည့်ရင်း သူ့ကားဆီ ကွန်မန်ဒိုနည်းနဲ့ အမြန်သုတ်ပါတော့သည်။
   သူ့ကားနားရောက်ချိန်၊ သူ့ကားတံခါး ဖွင့်ပြီးချိန် အန်ကယ်ဦးလေးမောင်မှ အထဲဝင်ထိုင်ရင်း ..
   " သား .. မင်း.. ဘာလိုလို၊ အန်ကယ့်ဆီလာခဲ့၊ အချိန်မရွေးနော်၊ အချိန်မရွေး.."

   ကျွန်တော် သူ့ထံ မသွားခဲ့ပါ။ ဘာအကူအညီမှလည်း မတောင်းခဲ့ပါ။ သင်္ဘောပေါ် တက်ရဖို့အတွက်လည်း ထိုစဉ်က ဖေဖေ့မိတ်ဆွေ သူငယ်ချင်း ရဲဘော်၊ရဲဘက် တွေ ဖြစ်တဲ့၊ ၀န်ကြီးချုပ်၊ ဒု-၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေဆီလည်း သွားမတွေ့ခဲ့ပါ။
   အန်ကယ် ဗိုလ်ချုပ်ကိုကြီးမှ
   " သားရယ် .. သင်္ဘောကိုတော့ ထမင်းချက်နဲ့ မလိုက်ပါနဲ့။ အန်ကယ့်ဆီ လာခဲ့ပါ "  ဆိုခဲ့သော်လည်း သွားမတွေ့ခဲ့ပါ။
    ယခု ၁၉၈၇ ခုနှစ်မျာ ကျွန်တော် သူ့ဆီသွားတွေ့ခဲ့တာကတော့၊ ကျွန်တော်က အမေရိကားမှာဆိုတော့ ထိုအန်ကယ်ဦးလေးမောင်မှာ အမေရိကန်အစိုးရပိုင်နဲ့ အဆက်အသွယ်ရှိခဲ့လို့၊ အကယ်၍  ကျွန်တော် အမေရိကားမှာ အကူအညီ လိုခဲ့ပါက၊ သူပဲ ဆောင်ရွက်ကူညီနိုင်မည် တွေးမိ၍ အဓိကဖြစ်ပါသည်။
   " လာ .. လာ .. သား..။  သမီးတော့ မရှိဘူး" 
   ဦးလေးမောင်၏ အိမ်ထဲရောက်တော့ သူကြိုစောင့်နေပါသည်။ အလ္လာပ၊ သလ္လာပ စကားများ ပြောမိကြတော့ သူဝမ်းသာပုံပြပါသည်။ အမေရိကားရောက်ရောက်ချင်း အလုပ်ရဖို့မှ မလွယ်ပဲ။ တခြားတက်လမ်းများလည်း ရှာရန် သူမှာပြီးနောက် " နောက်လာမဲ့ သူတွေကိုလည်း ဂရုစိုက်နော် " .. တဲ့။
   ထိုစဉ်က သူဘာကြောင့် ထိုစကားပြောခဲ့တာ ကျွန်တော်မသိပါ။ စိတ်ထဲမှာ နောက်ရောက်လာမဲ့ မိသားစုတွေကို ပြောတာပဲ ဟု ထင်ခဲ့မိပါသည်။
   အမှန်မှာတော့ 8888 ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်တော့မှာ သူကြိုသိနေပါသည်။ ဘာကြောင့်ဆို ဒါကြီးဖြစ်လာဖို့ သူပဲ ဦးနေ၀င်းနဲ့ စီစဉ်ရင်း မဆလ အစိုးရကို လူထုမှ အုံကြွလာစေရန် ၁၉၈၅ခုနှစ်နဲ့ ယခု ၁၉၈၇ ငွေစက္ကူတွေ တမင် သိမ်းခိုင်းခဲ့တာ - နောင်သိလာရပါသည်။

ဆက်ရန်

Wednesday, 1 June 2011

အခန်း(၁)၊ နိုင်ငံရေးသူငယ်တန်းဘ၀ (ဒုတိယပိုင်း)

   ထိုမှ ကိုခင်မော်မှ စပွန်စာပို့လိုက်ပြီ ဆိုတော့ အတော်ပျော်သွားသည်။
   ထိုအချိန်က ၁၉၈၇ခုနှစ် သြဂုတ်လဆန်း ဖြစ်ပါသည်။
   မြန်မာလူမျိုး ထုံးစံအတိုင်း ဘာသာရေး ပိုအာရုံပြုခဲ့ရပါသည်။ ကျွန်တော်နေခဲ့ရာ ယောက္ခမအိမ်မှ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်သို့ ၁မိုင်ခန့်ပဲ ဝေးလို့မို့၊ နေ့စဉ် နံနက်တိုင်း ၄နာရီထ၊ လမ်းလျှောက်သွားရင်း ရွှေတိဂုံဘုရားကြီးရဲ့ အင်္ဂဒေါင့်မှာ ဘုရားရှိခိုး၊ ပုတီးစိတ်ပါသည်။
   ဗီဇာရဖို့အတွက် မေးမိတော့ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် Mr Steven M Horngan ထံမှ ဗီဇာရဖို့ အလွန်ခက်ကြောင်း၊ အလည်သွားလိုသူ ၁၀ဦးတွင် အများဆုံး ၃ဦးခန့်သာ ဗီဇာရတတ်ကြောင်း ကြားလာရသည်။
   ယောက်ဖကိုခင်မော်၏ မရီးဖြစ်သူ မအက်စသာမှာ ကောင်စစ်ဝန်ရုံးတွင် အလုပ်လုပ်သော ဒေါ်လူစီချောင်း နှင့် မိတ်ဆက်ပေးသည်၊ အန်တီလူစီမှာ အမေရိကားသွားလိုသူ မြန်မာများကို သူတတ်နိုင်တာ အထူး ကူညီနေရာ၊ ကျွန်တော့ကိုလည်း အားပေးပါသည်။
    ထိုအချိန်တွင် ကိုဇင်မော်ထံမှ စာထပ်ရောက်လာပါသည်။ ဤလကုန်မှ စ - လူ၁ဦး လိုနေ၍ အမြန်လိုက်လာခဲ့ပါတဲ့။ တပတ် အနဲဆုံး ၅ရက် အပြင်၊ overtime ပါ လုပ်ရမည်တဲ့။ သူတလ ဒေါ်လာ ၉၀၀ ကျော်ရနေပြီဆိုပဲ။
    ကဲ .. အမေရိကားသွားရဖို့ရာ လေယာဉ်လက်မှတ်ခ - နေရေး - အပြင် အလုပ်ရဖို့ ၀င်ငွေရဖို့ပါ သေချာနေပြီ၊ အရေးကြီးဆုံး ဗီဇာရရှိရေးပဲ ကျန်တော့သည်။ ဗီဇာရရှိလို့ ဟိုရောက်ရင် အလုပ်ကြိုးစားရင် တရားဝင်နေထိုင်၊ အလုပ်လုပ်ခွင့်ကို ဆက်ကြိုးစားနိုင်ပါသည်။
    မကြာမီ စပွန်စာ လက်မှတ် ရောက်လာရာ၊ ဗီဇာရဖို့ ကောင်စစ်ဝန်နဲ့ တွေ့ဖို့ ရက်ချိန်းယူရပါသည်။
    မှတ်မှတ်ရရ  သြဂုတ်လကုန်ပိုင်း..

    မိမိကံဇာတာ တက်လာသည်ဟု ထင်မိချိန် (အဒေါ် အငယ်ဆုံး ဒေါ်တင်တင်ထွေး နေမကောင်း၍ စစ်ဆေးရုံအမှတ်၂ မှာပါတဲ့။ ဖခင်မှာ တဦးထဲသော သားဖြစ်ပြီး - ညီမ၊ အစ်မ ၇ဦး ရှိခဲ့ရာ၊ ယခု အဒေါ်မှာ မောင်နှမတွေခထဲမှ အငယ်ဆုံး၊ အသက်ကလဲ ၅၅နှစ်ပဲ ရှိပါသေးသည်။
   တပ်မတော်စစ်ဆေးရုံ ဆိုသည်မှာ တက်ဖို့မလွယ်ပါ။
   ဖခင်မှာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့က ကွယ်လွန်ခဲ့ရာ၊ ခုလို ဒေါ်ထွေး နေမကောင်းဖြစ်တော့ စစ်ဆေးရုံ ဘယ်လိုတက်နိုင်သလဲ !
   သိမ်ဖြူ တင်းနစ်ကွင်းဘေး - ကန်တော်ကလေး အထကကျောင်း၊ မင်္ဂလာတောင်ညွန့်ကျောင်းမှ ကျောင်းဆရာမ အပျိုကြီးခမျှာ တူတော်မောင်၊ အမေရိကားသွားရမဲ့ အချိန်မှာ ဆေးရုံတက်ရတာပါ။
   သူ စစ်ဆေးရုံ အမှတ်၂ တက်နိုင်ဖို့ ကူညီခဲ့သူတွေကတော့ ထိုစဉ်က မဆလ အစိုးရအဖွဲ့၏ ဒုတိယ၀န်ကြီးချုပ်ဖြစ်နေသူ သူရဦးထွန်းတင် ပဲ ဖြစ်ပါသည်။
    သူရဦးထွန်းတင် မိသားစုက ကျွန်တော်တို့ မိသားစုနဲ့၊ မိသားစုရင်းတွေလိုပဲ ခင်မင်ခဲ့ကြတာ ကြာပြါ့ပီ။ သူရ ဦးထွန်းတင်၏ ဇနီးဖြစ်သူ TTC လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ဆရာမကြီး - ဒေါ်တင်တင်အေးနှင့် အရင်းတွေလို ချစ်ခင်သလို ဒေါ်တင်တင်ထွေးနဲ့ရော၊ ဒေါ်သိန်းနဲ့ပါ ခင်သည်။

   သူရဦးထွန်းတင် က မွန်ရည်သည်။ စစ်သားလို့ မထင်ရ၊ စကားပြောလဲ အေးသည်။ ဒါပေမဲ့ မာတာကတော့ သံချောင်းလိုပဲတဲ့။ သူတိုက်ခဲ့လို့ အင်းစိန်မြို့၊ ကရင်သူပုန်တွေလက်ထဲ မကျခဲ့တာရော၊ တရုတ်ဖြူ စစ်ဆင်ရေးမှာလည် ထိုစဉ်က စစ်ဆင်ရေးမှုး ဗိုလ်မှုးချုပ်ကျော်ဇော ခိုင်းတာ အကုန်လုပ်၊ တကယ်တိုက်ခဲ့နိုင်လို့ တရုပ်ဖြူတွေ ဆုတ်ခဲ့ရတာ သမိုင်းဝင်ပါပဲ။ သူရဘွဲ့နဲ့ ထိုက်တန်ရုံသာမက သီဟသူရဘွဲ့ပင် ရလောက်သူဟု ကြားဖူးခဲ့ပါသည်။
   ကျွန်တော်၏ ဖခင်မှာ ၁၉၄၀ ဖေဖေါ်ဝါရီ တွင် အင်္ဂလိပ်ဘုရင့်လေတပ်မတော် Royal Air Force RAF သို့ လေသူရဲအဖြစ် ၀င်ခဲ့ရာ ရဲဘော်၃ကျိပ်ဝင် ဗိုလ်ချုပ်နေ၀င်းထက် စီနီယာကျနေ၍ရော - ဗိုလ်ချုပ်အောင်ဆန်း၏ လူရင်း၊ ရဲဘော်ရင်း ဖြစ်နေ၍ရော ရီးစားကိစ္စနှင့်ရော ဗိုလ်နေ၀င်းမှာ မကြိုက်မနှစ်သက် ဖြစ်နေခဲ့ရာ - ဖေဖေကွယ်လွန်ချိန် ဘဘ သူရဦးထွန်းတင် မှ ဖေဖေလိုနေတာ ၁ခုပဲ ရှိကြောင်း၊ ဦးနေ၀င်းကို ဆရာတင်ပါက ထောင်တက်သွားမှာ ပြောခဲ့ဖူးပါသည်။
    ယခု စစ်ဆေးရုံ တက်နိုင်ဖို့ ကူညီခဲ့သူ ဘဘ သူရဦးထွန်းတင် ရှိမရှိ၊ ကျွန်တော်မသိရတော့ပါ။ သူရေးသည့် စာအုပ်ဖတ်လို၍ မှာထားတာလဲ မရသေးပါ။
   ကျွန်တော် ကံဇာတာ တက်လာပါသည် ထင်နေချိန်မှာ ဒေါ်ထွေး ခုလို ဆေးရုံတင်ရတော့ ကျွန်တော်သွားရမှာလည်း စိတ်လေးလာပါသည်။ ဒါနဲ့ပဲ ဒေါ်ထွေး သတင်းမေးရန် စီစဉ်ရပါသည်။

  သြဂုတ်လ ၂၂ရက်နေ့ ထင်ပါသည်။
  တပ်မတော် စစ်ဆေးရုံ ၂ - ဒေါ်ထွေး ဆီ သွားခဲ့တော့ အပေါ်ထပ် ဒေါ်ထွေးရဲ့အခန်းဝရှေ့မှာ ဘကြီးဖြစ်သူ ၀န်ကြီးဟောင်း ဦးကျော်မြင့်လေးကို တွေ့ ခဲ့ရပါသည်။
   ဒေါ်ထွေး ကို ၀င်ကြည့်တော့ အသက်ပြင်းပြင်း ရှုနေပါသည်။
   အခြေအနေမကောင်း၊
   သူ့လက်ကိုင်တော့ မျက်လုံးပင် မဖွင့်နိုင်ပါ။
   "သား .. တူးပါ - ဒေါ်ထွေး"
    သူကြားဟန်မတူပါ။
    အပြင်မှာ ရှိနေကြတဲ့ ဆရာမတွေရဲ့ မျက်နှာတွေလဲ မကောင်းကြပါ။ ကျွန်တော်လဲ စိတ်မကောင်း၊  ဒါပေမဲ့ အမေရိကားသွားရတော့မှာမို့ ခွဲရဖို့ဟာ ခွဲရမှာမို့ ဘာမှ ထပ်မတွေးတော့ပါ။
    အခန်းအပြင်ဖက် - ဘကြီး ဦးကျော်မြင့်လေး နားမှာ ထိုင်မိတော့ ရောက်တတ်ရာရာတွေ ပြောနေမိကြရင်းမှ - ကျွန်တော်သိလိုနေတဲ့ ကိစ္စတခုကို မှတ်မှတ်ရရ မေးခဲ့မိပါသည်။
   "ဘဘ - ၁၉၄၇ လောက်မှာ မြေနီကုန်းဖက်မှာ ဂဌုန်ဦးစောကို သေနပ်နဲ့ ပစ်လို့ ရှပ်မှန်သွားတယ်ပြောကြတယ်။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခိုင်းလို့ ဂဌုန်ဦးစောက အထင်လွဲပြီး လုပ်ကြံ လက်စားချေခဲ့တာတဲ့။ အဲဒါ ဟုတ်သလာ ဘဘ - ဗိုလ်ချုပ်အောင်ဆန်း ပစ်ခိုင်းတာလား"
   "ကိုစောကို လုပ်ကြံတာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဖူး၊ အဲဒါကိုကျော်ငြိမ်းတို့ လုပ်တာ"
    ကျွန်တော် အံ့အားသင့်သွားပါသည်။ ဘာလို့ဆို သခင်ကျော်ငြိမ်းဆိုတာ ၀န်ကြီးချုပ်ဦးနုပြီးရင် ရာထူးအကြီးဆုံး ဒုဝန်ကြီးချုပ်အဖြစ်ကြားသိထားရ၍ ခု   - ဘဘ မှ ကိုကျော်ငြိမ်းလုပ်တာ ဆိုတော့ အံ့သြသွားမိသည်။
   "အဲဒီနေ့ မတိုင်ခင်က ကိုကျော်ငြိမ်းတို့ တခုခု ကြံစည်နေကြတယ် - ဘာမှန်းမသိရဘူး၊ ဒါပေမဲ့ မြေနီကုန်းမှာ သေနပ်ပစ်တော့မှ ဖဆဖလ ရုံး ဘဘရောက်တော့မှာ ဒါ .. သူတို့ လုပ်တာဆိုတာ အားလုံးရိပ်မိကြတယ်။"

   ၁၉၉၁ ခုနှစ် စက်တင်ဘာလ၌ NCGUB အစိုးရအဖွဲ့အား ကျွန်တော်ဦးဆောင်သော FFF အဖွဲ့မှ တာဝန်ခံ ဖိတ်ခေါ်ချိန်၊ အစိုးရအဖွဲ့ဝင် Dr. ဦးခင်မောင်ကြွယ် (ယခု ကွယ်လွန်) သခင်သာခင်၏သားမက်ကို - ဤကိစ္စ ပြောမိ - မေးမိတော့ Dr ဦးခင်မောင်ကြွယ်မှ ဖဆဖလမှာ မကောင်းတာဆို သူတို့ချည်းပါပဲကွယ် .. ဟု ရယ်ကာမောကာ ပြန်ဖြေခဲ့ပါသည်။
   နိုင်ငံရေး လူရိုးကြီး ဦးကျော်မြင့်လေးမှ ဆက်ပြောပါသည်။ ဖေဖေရဲ့ တပည့် - အဲဒါ ဘဘနဲ့ ဘဘအဖေ - ကိုစောဆီ သွားပီး သတင်းမေးရင်း၊ ကိုအောင်ဆန်း လုပ်တာမဟုတ်ဘူး၊ သွားပြောကြမလို့ပဲ..။ နေ့ရွှေ့၊ ညရွှေ့ နဲ့ မသွားဖြစ်ခဲ့ဘူး။
   [နောင် အမေရိကားရောက်ချိန် ဖလောရီဒါ နွေ - Dr ကြင်ဟိုး ရေးသားထုတ်ဝေသော စာအုပ်ငယ် ဖတ်ခဲ့ရာ ထိုဂဌုန်ဦးစောကို သေနပ်နှင့် ပစ်ခဲ့သူမှာ ရန်ကုန်ဘဆွေဖြစ်ပြီး၊ ကားကို ပေဖူးလွှာမဂ္ဂဇင်း ဦးမြလွင်မှ မောင်ခဲ့ကြောင်း၊ ဗိုလ်မှုးကြီးနေ၀င်းကို ကြိုးကိုင်ထားသော ဦးကျော်ငြိမ်းတို့မှ စီရင်ရင်း ဗိုလ်မှုးကြိးနေ၀င်းမှ သေနတ်ပစ်လက်တဲ့သူ - ရန်ကုန်ဘ၀ဆွေကို စေခိုင်းရင်းသူ၏ ခြောက်လုံးပြူးသေနပ်ကို ထုတ်ပေးရင်း ...ပိုလက်တည့်အောင် ကျင့်စေခဲ့ကြောင်း ဖတ်ခဲ့ဖူးပါသည်။
   ထိုနေ့က ဒေါ်ထွေး အခြေအနေမကောင်း၍ စိုးရိမ်ရတာရော။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစေရန် ဦးကျော်ငြိမ်းတို့ စီစဉ်ခဲ့တာ သိခဲ့ရ၍ စိတ်တွေလေးခဲ့ရပါသည်။
 
   နောက်ရက် ဒေါ်ထွေး ဆုံးတယ် ဆိုတော့၊ အမေရိကားလာရမှာပင် စိတ်ပျက်နေမိပါသည်။
   ဖခင်ရဲ့အိမ်၊ ၇၉ ဈေးကြီးလမ်း၊ ကြည့်မြင်တိုင်အိမ်မှ ယခုဆို ဒေါ်ကြီးဒေါ်တင်တင်အေးနဲ့ ကြီးဒေါ် - ဒေါ်သိန်းတို့ ညီအစ်မ ၂ဦးပဲ ကျန်ကြတော့သည်။
   မောင်နှမ ၈ဦးထဲက တဦးတည်းသော သား ဖေဖေက ၁၉၈၁ ဒီဇင်ဘာ ၁၆ရက်နေ့က ဆုံးခဲ့ပြီ။ ယခု ဒေါ်ထွေးအလှည့်။
    ဒေါ်ကြီးအိမ်မှာ အန်ကယ်ဗိုလ်မှုးကြီးကျော်ဇောရဲ့ သမီး မမဥမ္မာဇော (ယခု အင်္ဂလန်နိုင်ငံ) က လာနေပေးသည်။ သူ့အဒေါ်အန်တီ မအုန်ကြည်လဲ လာတတ်သည်။ အန်ကယ် မောင်အေး (ယခု ဗိုလ်ချုပ်မှုးကြိး) တို့တော့ မတွေ့ရ။
    ဒေါ်ထွေး အသုဘ စည်ပါသည်။
    ၇၉ ဈေးကြီးလမ်းအိမ်မှ အသုဘ ဧည့်ခံတော့ ထိုစဉ်က လေတပ် စစ်ဥိးစီး ဗိုလ်မှုကြီးသိန်းဝင်း ရောက်လာသည်။ သူက အိမ်မ၀င်တော့ပဲ အိမ်ခြံဝမှာပင် ၀င်ထိုင်သည်။
    သူ့ရဲ့အစ်မကြီး ဒေါ်တင်တင်က ကျွန်တော့ရဲ့ သမိုင်းသင်ဆရာမ၊ သူ့ရဲ့အစ်ကိုကြီးက ဗိုလ်သိန်းဆွေ၊ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ဘုန်းကြီးဗိုလ်သိန်းဆွေရယ်၊ ဖေဖေရယ်က ရဲဘော်ရဲဘက်ရင်းတွေဖြစ်ခဲ့ကြပါသည်။ ဘကြီးသိန်းဆွေ မသေခင်၊ သူ့ညီငယ် - အန်ကယ်သိန်းဝင်းကို ဖေဖေ့လက်ထဲအပ်သည်။ မောင်သိန်းဝင်းကို ဂရုစိုက်ပါ..တဲ့။
   အန်ကယ်သိန်းဝင်း - လေတပ်ထဲဝင်တော့ ဖေဖေက လေယာဉ်အမောင်း သင်ပေးခဲ့ရပါသည်။ လေယာဉ်ဒိုက်ထိုးတာတွေ ပြသသည်။ ကိုယ်လုံးလှည့်တာတွေ သင်ပေးသည်။ အန်ကယ်သိန်းဝင်းက တော်သည်။ တခါတရံ ခေါင်းခေါက်သင်ပေးသည် ဆိုပဲ။
   ထိုစဉ်က ၁၉၅၅ - ၅၇ ဖြစ်ရာ နောင်၁၀နှစ်ကျော် ကြာချိန် ဖေဖေ လူကြီးဘ၀နှင့် Flying Hours လေယာဉ်ပျံသန်းချိန်ရရန် ပျံသန်းရာမှာ ဖေဖေ ရိုးတိုးနိုင်သေးလား မေးခဲ့၍ ဖေဖေမှ တိုးလိုက်ရာ မှားသွားတော့ အန်ကယ်သိန်းဝင်းမှ ဖေဖေ့ကို ကျွန်တော် ခေါင်းခေါက်မပြတော့ပါဘူး .. စခဲ့ပါသည်တဲ့။
   စစ်ဦးစီး ဗိုလ်မှုးကြီးဆိုပေမဲ့လဲ - အန်ကယ်သိန်းဝင်းက မာနမကြီး၊ ကျွန်တော်နဲ့ လည်း တူသားရင်းလို ဖြစ်နေရာ သူလာချိန် ခြံဝမှာ ထိုင်နေသူ ကျွန်တော့ဘေးနားက ခုံမှာပဲ ၀င်ထိုင်ပါသည်။ သူမှ .." ကိုတူး - စာအုပ်ထပ်ရေးသေးလား "  မေးလာတော့ ကျွန်တော်မှ " မဲခေါင်မြင်ကွင်းကျယ် " မထုတ်ဖြစ်တာပြောပြခဲ့ပါသည်။
  "အန်ကယ်နော် - အန်ကယ် လေတပ်ဦးစီးချုပ်ဖြစ်လာရင် လေတပ်ကို FF မဖြစ်စေနဲ့တော့နော်၊ ခု.. လေတပ်က FF ဖြစ်နေပြီ"
   အန်ကယ်သိန်းဝင်းမှ FF ဆိုတာ မသိပါ၊
   " FF ဆိုတာ Family Force ကိုပြောတာ - Fone Force ဖုံတပ် - ညံ့သောတပ် လို့လဲ ခေါ်လို့ရတယ် -
   ဆိုတော့ သူက ရီသည်။
   ဘာလို့ဆို လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်သူရစောဖြူ - ပို့ဆောင်၊ဆက်သွယ်ရေး ၀န်ကြီးဖြစ်တော့ ယောက်ဖဖြစ်သူ အန်ကယ် ဗိုလ်ချုပ်ကိုကြီးမှ လေတပ်ကို ဆက်ဦးစီးသည်။
   အန်ကယ်ကိုကြီး - ၀န်ကြီးဖြစ်ပြန်တော့ သူ့ယောက်ဖ ထင်ပါသည်။ အန်ကယ် တော်မီတင်ထွန်း က လေတပ် ဦးစီးချုပ်ဆက်လုပ်သည်။ သမီးယောက်ဖ ဘက်လိုက်တယ်လို့ လေတပ် ဦးစီးချုပ်တွေ ဖြစ်သွားသည်၊ အန်ကယ်ကိုကြီးရဲ့ နှမ - အန်တီစိန်ကို အန်ကယ်စောဖြူ ယူခဲ့ပြီး၊ ညီမငယ်ကို တော်မီတင်ထွန်းက ယူခဲ့တော့ သမီးယောက်ဖတွေချည်း လေတပ်မှာ ဦးစီးချုပ်တွေ ဆက် - ဆက် ဖြစ်နေ၍ လေတပ်မှာ အလိုလိုနေရင်း Family Force မိသားစု တပ်ကြီးဖြစ်သွားခဲ့သည်။
   ဒါတောင် - ဗိုလ်ချုပ်ကိုကြီးရဲ့ ယောက္ခမ တဦးဖြစ်သူ ဒုဗိုလ်မှုကြီး ပေါ်ခန့်သန်းက ပါတီဖက်ရောက်သွားလို့၊ ဗိုလ်ချုပ်ကိုကြီးရဲ့ နှမတွေရဲ့ လင်ဖြစ်နေတဲ့ အန်ကယ်စောဖြူတို့၊ အန်ကယ်တော်မီတင်ထွန်းတို့ပြီးရင် အန်ကယ်ပေါ်ခန့်သန်း - လေတပ်စစ်ဦးစီးချုပ် ဆက်ဖြစ်နေပါက ရီစရာကြီး ။
  ခု အဲဒီ FF ကိစ္စ ပြောပြတော့ လေတပ်စစ်ဦးစီး ဗိုလ်မှုးကြီးသန်းဝင်း (ယခု အငြိမ်းစား ၀န်ကြီး၊ ဗိုလ်ချုပ်) က ရီပါလေရော၊

ဆက်ရန်

Monday, 30 May 2011

အခန်း(၁) "နိုင်ငံရေး-သူငယ်တန်းဘ၀"

၁၉၈၈ ခုနှစ် သြဂုတ်-စက်တင်ဘာ
လော့စ်အိန်ဂျယ်မြို့ - အမေရိကန်နိုင်ငံ


"မြန်မာပြည်မှာ ၁၉၄၈က ပြည်တွင်းစစ်ဖြစ်ခဲ့တာ ကျွန်တော့်အဖေနဲ့ သခင်သန်းထွန်း စကားများခဲ့လို့ပဲ"

    ရှပ်ခပ်ဖြူဖြူ .. အပြောကောင်းကောင်းနဲ့ အားရပါးရပြောနေသူမှာ မြန်မာနိုင်ငံရေးလောကမှာ နာမည်ကျော်ခဲ့သူ သခင်ကျော်ငြိမ်း၏သားဖြစ်ပါသည်။ ကျွန်တော်၏ ယောက်ဖဖြစ်သူ ကိုခင်မော် (စာရေးဆရာမောင်စည်သူ၏သား - ATM Honda ပိုင်ရှင်) နှင့်အတူ ကျွန်တော်လဲ နားထောင်နေမိပါသည်။

     အမေရိကန်နိုင်ငံသို့ ကျွန်တော်ရောက်နေတာ တစ်နှစ်ရှိရော့မည်။ ၁၉၈၅ခုနှစ် ဧပြီလခန့်က ဤနိုင်ငံသို့ သင်္ဘောသားဘ၀ဖြင့် ရောက်ခဲ့ရာ ယောက်ဖဖြစ်သူ ကိုခင်မော်နှင့်မတွေ့ရပဲ ဖုန်းသာပြောခဲ့ရပါသည်။ ထိုမှ သြဂုတ်လခန့်တွင် ညီမငယ်မကေသီညွန့် (စာရေးဆရာမ - မာလုစံ သဘာဝသိပ္ပံ) ရောက်လာရာ အမေရိကန်နိုင်ငံ အရှေ့ခြမ်းဒေသရောက်နေသူ ကျွန်တော်နှင့် ဖုန်းသာ ပြောခဲ့ရပါသည်။ ကျွန်တော်တို့၏ သင်္ဘော MV Baronia မှာ အမေရိကန်နိုင်ငံ အနောက်ဖက်ဒေသသို့ မရောက်ခဲ့ပဲ ၁၉၈၅နှစ်ကုန်အထိ ထို အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းဒေသများ၊ ဥရောပနိုင်ငံများသို့သာ ခေါက်တုံ့၊ ခေါက်ပြန် သွား၊ ကုန်တင်၊ကုန်ချ လုပ်နေသလို၊ ညီမထံသွားရန် လေယာဉ်အသွားအပြန် ဒေါ်လာ ၄၀၀ ခန့် ရှိနေ၍လည်း ကားဝယ်ရန်ပိုက်ဆံစုနေရသူခမျာ အပိုငွေမသုံးနိုင်ခဲ့ပါ။

    အမေရိကန်နိုင်ငံကလည်း ကြီးလွန်း၍ ကျွန်တော်တို့ ရောက်နေရာ မေရီလင်း၊ နယူးယောက်ဒေသတို့မှ အနောက်ခြမ်း၊ လော့အိန်ဂျယ်မြို့သို့ ခရီးမိုင် ၃၀၀၀ ကျော်ကွာဝေးနေ၍ ညီမဖြစ်သူသုံးဖို့ ဒေါ်လာ၁၀၀၊ ငွေထည့်ပို့ရင်း မုန့်ဖိုးပေးခဲ့ရပါသည်။

   ထိုမှသင်္ဘောတွင် နှစ်စေ့၍ မြန်မာပြည်ပြန်သွားခဲ့ပါသည်။
   တစ်နှစ်ခန့်အကြာ၊ ၁၉၈၆ခုနှစ်ကုန်ပိုင်းတွင် ညီမဖြစ်သူထံ သွားလည်ရင်း၊ အဆင်ပြေပါက ရှိုးဂျော့ Shore Job ပေါ့၊ မပြေလဲ ပြန်လာရင်း သင်္ဘောပြန်လိုက်နိုင်ရာ၊ ဘ၀ဇတ်လမ်းအတွက် ကြိုးစားခဲ့မိပါသည်။
   သင်္ဘောတွင် Cadet Officer ကုန်ပတ်အလုပ်သင်လဲ မလုပ်နိုင်၊ အိမ်ထောင်ကျပြီးဖြစ်၍ မိသားစုနှင့် ၃နှစ်ကျော် လုံးဝမခွဲနိုင်သလို၊  ထောက်ပံ့ရေးအရာရှိအဖြစ်၊ တာဝန်ယူရန်မှာလည်း အလုပ်ရရန် အလွန်ခက်ခဲနေ၍ အောက်ဆုံးခြေ ရိုးရိုးသင်္ဘောသား၊ ထမင်းချက်၊ တက်မကိုင်ဘ၀တို့မှ ဒုတိယအရာရှိစာမေးပွဲဖြေရန် ရည်မှန်းထားခဲ့ပါသည်။ သို့တစေ ထိုကိစ္စများဆောင်ရွက်နိုင်ရန်လည်း မိသားစုနှင့်နှစ်ရှည်လများ၊ ခွဲခွာနေဖို့ လိုနေရာ အမေရိကန်နိုင်ငံမှာ ရှိုးဂျော့ ၀င်လုပ်ရင်း ဘ၀တက်လမ်းရှာရန် စီစဉ်ရင်း ၁၉၈၇ စက်တင်ဘာလ ၇ ရက်မှာ ညီမနဲ့ ယောက်ဖကျေးဇူးနဲ့ အမေရိကန်နိုင်ငံသို့ ထွက်လာခဲ့ပါသည်။


    အတိုချုပ်ရေး၍သာ ထွက်လာခဲ့ပါသည် ရေးရသော်လည်း ဤအမေရိကန်နိုင်ငံသို့ တရားဝင်လာဖို့မှာ ထိုစဉ်က အလွန်ခက်ခဲပါသည်။
    အမေရိကန်နိုင်ငံလာနိုင်ဖို့ ငွေရှိဖို့လိုသလို၊ ဗီဇာရရန်လည်း ခက်ခဲလှပါသည်။ အမေရိကန်နိုင်ငံ လာနိုင်ရန် လေယဉ်ခငွေ ဒေါ်လာ ၁၄၀၀ (နေစရိတ်၊ စားစရိတ်မပါ) မရှိမဖြစ်လိုအပ်နေပါသည်။
    ထိုစဉ်က ညွန်ကြားရေးမှုးလစာငွေ ကျပ်၁၅၀၀ခန့်ဖြင့်၊ မိသားစုဝင် ၈ဦး၊ တစ်လလုံး စားလောက်သလို၊ မှောင်ခိုငွေလဲနှုံးမှာ အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ၃၀သာဖြစ်ခဲ့ပါသည်။ စာရေးလစာငွေမှာ တလကျပ်၂၀၀ဖြစ်ပြီး၊ လဘက်ရည်တခွက် တကျပ်ဖြစ်ပါသည်။
   ၁၉၈၀နှစ်ကုန်မှစပြီး သင်္ဘောသားဖြစ်လာသော ကျွန်တောသည် ၁၉၈၂ နှင့် ၁၉၈၅ ခုနှစ်တွင် သင်္ဘော ၂ခေါက်လိုက်နိုင်ပြီး၊ ၁၉၈၃ နှင့် ၁၉၈၆ တို့တွင် ကားတစ်စီးစီ တင်သွင်းနိုင်ခဲ့၍ အမေရိကန်နိုင်ငံသို့ လာရောက်နိုင်ရေးအတွက် လေယာဉ်လက်မှတ်ခငွေအတွက် မပူခဲ့ရပါ။

   အိမ်ထောာင်စကျကတည်းက မိဘနှင့်ယောက္ခမအိမ်တို့တွင် နေထိုင်ခဲ့ရ၍ မိသားစုအဆင်ပြေခဲ့ပါသော်လည်း၊ ထိုအမေရိကန်နိုင်ငံရောက်ရင် ဘယ်လိုလုပ်ရမည်နည်း၊ ဘာအလုပ်ဝင်လုပ်၍ ၀င်ငွေရမည်နည်း!
    နေရမှာကလည်း၊ အမေရိကန်နိုင်ငံသို့ ကြိုရောက်နေသော ယောက်ဖကိုခင်မော်နှင့် သူ့ညီမ မမိမိခင်တို့ ငှားနေသောအိမ်တွင် နေရမှာဖြစ်ပါသည်။ ထိုစဉ်က သူတို့မောင်နှမမှာ ဘော်နာပတ်စ် Buena Park City တွင် အခန်း၃ခန်းပါ၊ အိမ်ငှားနေပါသည်။ သူတို့နှင့်အတူ ကျွန်တော်တို့ နေခဲ့သော ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ပိတောက်ပင်လမ်း၊ အထက်လမ်းနေ၊ ကိုမင်းဟန်နှင့်မမရီရီဌေးမိသားစုလဲ စုနေခဲ့ပါသည်။

    အိမ်ပိုင်ရှင်မှာ မြန်မာပြည်မှပင် ကိုဟယ်ရီချင်းနှင့်မမဘက်တီ (ယခု ATM Honda ပိုင်ရှင်) တို့ဖြစ်ကြပြီး၊ ကိုဟယ်ရီချင်း၏ညီ၊ ကော်နယ်ချင်းမှာ လူသိများသူ၊ ဆွေမျိုးများသူ ဖြစ်ပြီး ကိုခင်မော်၊မမိမိခင်မိသားစုနှင့် တရပ်တည်းသားတွေ၊ လမ်း၅၀သားတွေ ဖြစ်ကြပါသည်။
    ထိုအိမ်သည် အိပ်ခန်း၃ခန်းပါသော အိမ်ဖြစ်၍၊ ကိုခင်မော်နှင့်ကျွန်တော့်ညီမ မကေညီညွန့်တို့ရော၊ ကိုမင်းဟန်နှင့်မမိမိခင်မိသားစုပါ၊ ငှားနေသည်ဖြစ်သော်လည်း၊ မရီရီဌေး၏ ညီမငယ်ဖြစ်သူ ၀ါလေးလည်း ရောက်ရှိနေသလို၊ မိတ်ဆွေကိုစံသာလည်း ရောက်နေပါသည်။
    ဒီကြားထဲ ကျွန်တော့အပြင်၊ မမရီရီဌေး၏ မိဘများကိုပါ ကျွန်တော်နှင့်တရက်တည်း လာနိုင်ရေး စီစဉ်ခဲ့ရာ၊ ထိုအိပ်ခန်း၃ခန်းပါအိမ်တွင် မိသားစု၂စုပေါင်း ၁၂ဦးစုနေရမလိုဖြစ်နေရာ၊ သင်္ဘောသားဘ၀ အအေးဒီဂရီ -၂၀ (သုညအောက်မိုင်းနပ်စ်၂၀) ရာသီဥတုကြမ်းအောက် သင်္ဘောကြိုးခွေတွေပေါ်မှာ အိပ်ခဲ့ဖူးသည့် ကျွန်တော်မမှုပါ၊ ဂိုဒေါင်ထဲအိပ်ရသော်လည်း OK ပါပဲ။ 

    ကိုမင်းဟန်နဲ့ မရီရီဌေးတို့ ဇနီးမောင်နှံကို ကျွန်တော်တို့က အောင်ကိုလတ်၊ တင်မိုးခိုင်ဟု စလေ့ရှိပါသည်။ ဘာကြောင့်ဆို မမရီရီဌေးက အဆိုတော်တင်မိုးခိုင်နဲ့ ရုပ်ချင်းတူသလိုရှိပါသည်။ (အမှန်က ပိုချောပါမည်။)
   သူတို့ ဇနီးမောင်နှံ အမေရိကားမသွားခင်က ခဏခဏတွေ့ခဲ့ရာ "တင်မိုးခိုင်တို့ မသွားသေးဘူးလား ပဲ နှုတ်ကျိုးရင်း မေးမိသည်ချည်း"။
   ကိုမင်းဟန်၏ဖခင်မှာ ၁၉၅၆ခုနှစ်သြဂုတ်လက၊ ပုပ္ပါတောင်ဖက်လေယာဉ်ပျက်ကျ၍၊ သေဆုံးခဲ့ရသူ ဒုဗိုလ်မှုးကြီးမြင့်ဟန်ဖြစ်ပါသည်။ ထိုလေယာဉ်ပျက်ရာတွင် ဦးလေးဗိုလ်မှုးမျိုးဟန်လည်း ပါသွားပါသည်။ ကိုမင်းဟန်၏အစ်မ မကြည်ကြည်ဟန်မှာ ၁၉၆၉ခုနှစ်၊ ကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ မြန်မာအသင်း အလံကိုင်သူဖြစ်ပါသည်။

   ကိုစံသာ၏ အစ်ကို၊ ကိုစိုးသာနှင့်ကျွန်တော်သိသော်လည်း၊ ကိုစံသာအမေရိကားရောက်နေတာ ကျွန်တော်မသိပါ၊ ကိုစံသာ၏ညီ ကိုအောင်သာမှာ (DSA ကျောင်းအုပ်ဖြစ်ခဲ့သူ) ပညာရေးဝန်ကြီးဗိုလ်မှုးကြီးကျော်ငြိမ်း၏ သမီးဖြူဖြူနှင့် အိမ်ထောင်ကျခဲ့ရာ၊ သူတို့နှင့်ခင်မင်ခဲ့သော်လည်း၊ ကိုစံသာအကြောင်းစကားမစပ်မိခဲ့ကြပါ။
   ကိုစိုးသာမှာ ထိုစဉ်က စာတိုက်ကြေးနန်းမှာ ညွန်ကြားရေးမှုးဖြစ်နေပြီး၊ ဘုရားတရားမြဲပါသည်။ ကျွန်တော်နေခဲ့သော ယောက္ခမအိမ်ရှိရာ ဗဟန်မြို့နယ်၊ နန္န၀န်လမ်းရှိ၊ ပါဌိတက္ကသိုလ်ဘုန်းကြီးကျောင်းသို့ အမြဲလာ၍၊ ကျွန်တော်နှင့်လည်း၊ ၂ခါ၊ ၃ခါ ဆုံဖူး၊ သိဖူးပါသည်။

   ကျွန်တော်သည်၊ ပျော်ပျော်နေတတ်သူမို့၊ အမေရိကားသွားဖို့ ပြင်ဆင်တော့ ဗီဇာရရေးလည်းမပူမိ၊ လေယာဉ်လက်မှတ်ခလည်း ပေးနိုင်၍၊ မပူရသော်လည်း၊ အမေရိကားသွားနိုင်ရေးအတွက် လိုအပ်ချက်ဖြစ်သည့် စပွန်စာရရှိရေးအတွက်မူ ယောက်ဖကိုပဲ အားထားခဲ့ရပါသည်။ ဒါလည်း သူ့ဟာနဲ့သူ ဖြစ်လာသလို၊ ယောက်ဖကိုခင်မော်ကို ကျေးဇူးတင်ရပါသည်။ ကိုခင်မော်မှာ ရန်ကုန်ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင်၊ မှိုင်းရာပြည့်အရေးတွင် ပါဝင်မိသဖြင့်၊ ဆေးကျောင်းသား စတ္တုထနှစ် ၁၉၇၅ခန့်တွင် ထောင်ကျရင်း ဆေးကျောင်း ဆက်တက်ခွင့် မရခဲ့ပါ။ ဂျာမန် အထည်စက်ရုံတွင် ၀င်လုပ်ခဲ့ရင်း ညီမဖြစ်သူ မမိမိခင်၊ အမေရိကားနိုင်ငံသို့ ၁၉၈၀ခန့်က ရောက်ပြီးချိန်မှ ၁၉၈၄ခုနှစ် သြဂုတ်လခန့်တွင် လိုက်သွားသူဖြစ်သည်။
   သူအလုပ်လုပ်နေရာ Hock Honda ကားပြင်ဆိုင်ပိုင်ရှင် ကိုထွန်းရီ (Hock) နှင့်အထူးခင်မင်သဖြင့် ကိုခင်မော်ပြောပြ အကူညီတောင်းသဖြင့် ကိုထွန်းရီမှ ကျွန်တော့အတွက် အာမခံ၊ စပွန်စာ စာရေးပို့ပေးခဲ့ပါသည်။
    ကိုထွန်းရီ၏ Huck Honda မှာ Alhambra မြို့နယ်တွင် နာမည်ရသော ကားပြင်ဆိုင် ဖြစ်ပြီး၊ သူ၏၀င်ငွေမှာ အနည်းဆုံး တစ်လ ဒေါ်လာတစ်သောင်းဖြစ်ရာ၊ ထိုစဉ်တုန်းက မြန်မာတွေထဲမှာ အဦးဆုံးချမ်းသာခဲ့သူ မီလျှံနာတဦး ဖြစ်ခဲ့ပါသည်။ ထိုမြန်မာပြည်ဘွား ကိုထွန်းရီ၏ စပွန်စာလုပ်ပေးမှာ သိရ၍ အထူးဝမ်းသာရင်း၊ စပွန်စာလက်မှတ် မျှော်ခဲ့ရပါသည်။
 
   အမေရိကန်နိုင်ငံတွင် နေထိုင်ရေး အဓိက ၅ချက်ဖြစ်သည့် - လေယာဉ်လက်မှတ်၊ စပွန်စာလက်မှတ်စာ၊ ဗီဇာရရှိရေး၊ နိုင်ငံတွင် ရေရှည်နေထိုင်ရေး၊ ၀င်ငွေရရှိရေး၊ ၀င်ငွေရရှိရန် အလုပ်ရရှိရေးတို့အပြင် တရားဝင် နေထိုင်အလုပ်လုပ်ခွင့်နှင့် နိုင်ငံသားဂရင်းကဒ် ရနိုင်ရေးအလွန်အရေးကြီးလှပါသည်။
   ထိုအချိန်တွင် ကျွန်တော်နဲ့ ဂေါက်သီးရိုက်ဖက် အစ်ကိုကြီးဖြစ်သူ ကိုခင်မော် (ယခု LA တွင် ဘူမိဗေဒအရာရှိကြီး၊ အဆိုတော်ကိုဆက်မော်၏အစ်ကို) မှ ၀မ်းသာအားရ၊ သူဗီဇာရရှိသဖြင့် အမေရိကန်နိုင်ငံသို့ သွားတော့မည် ဆိုပါသည်။ "ကိုဇာနည်နဲ့ ကိုပြုံးတို့၊ တေဇတို့၊ ကိုဇင်မော် ရှေ့လထဲ အမေရိကားသွားရတော့မယ်"
   ထိုစဉ်က ၁၉၈၇ မေလခန့်တွင် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့တိုင်း Burma Golf Club ၌ ကျွန်တော်တို့ ဂေါက်သီးကစားခဲ့ကြပါသည်။ ပင်တိုင်အားဖြင့် ကျွန်တော်တို့ ၃ဦးနှင့် သူလာကစားတတ်ပြီး၊ သူမလာနိုင်တဲ့ နေ့တွေမှာတော့ မက်သဒစ်ကျောင်းသား ကိုမျိုးဒန် (ကိုပြုံး လေတပ်ဗိုလ်မှုးချုပ်သောင်းဒန်သား) မှ သူ့သူငယ်ချင်း ဆန်နီခေါ်တင်အောင် (ယခု အမေရိကန်နိုင်ငံ Fountain Valley မြို့တွင် နေထိုင်သူကို ဖိတ်ခေါ်၊ ဖြည့်ကစားလေ့ ရှိခဲ့ပါသည်။

    ဆန်နီက ဂေါက်သီးကစားတာ တော်သည်။ ရူးလည်း ရူးသည်။ တခါတရံ ကျွန်တော်တို့နှင့် ရိုက်ပြီးပေမဲ့ အားမရပါက နောက်ထပ်ကိုးကျင်း (သို့မဟုတ်) ၁၈ကျင်း ထပ်ကစားလေ့ ရှိပါသည်။ သူနဲ့ မျိုးဒန်က တတွဲ၊ ကျွန်တော်နှင်တေဇက တတွဲ၊ အမြဲလိုလို၊ ကြောင်နဲ့ကြွက်တွေလို့ စကြ၊ နောက်ကြ၊ လောင်းကြနဲ့ ၁၉၈၆ခုနှစ် အောက်တိုဘာလမှ စကစားလာခဲ့တာ သြဂုတ်လဆို ၈လ ကျော်ပြီ။
   တေဇက ရိုက်အားကောင်းသည်။ သဘောလည်းကောင်းသည်။ ခင်ဖို့လဲကောင်းသည်။ စလို့လည်း ကောင်းသည်။ ဂေါက်သီးကစားပြီးတိုင်း သူ့မိန်မနဲ့ ပြန်တွေ့ဖို့ပဲ လောနေတတ်သည်။ ကျွန်တော်နှင့်တေဇ တွဲရိုက်၍ နိုင်မှာသေချာပြီဆိုလျှင် တေဇမှ သူ၏ကယ်ဒီကောင်လေးအား Club မီးဖိုချောင်သို့ ကြိုစေလွှတ်ရင်း ဆိတ်တကောင်လုံး ကင်ခိုင်းပါသည်။ ဆိတ်သားကင် ရလောက်ချိန်၊ ကျွန်တော်တို့ ၂တွဲ Club ရောက်ချိန်၊ ထိုဆိတ်သား ကောင်လုံးကင်ကို Club တွင်ရှိ စားပွဲအားလုံး ၊ ဂေါက်သီးသမား အားလုံးကို အလကားကျွေးသည်။ (ထိုစဉ်က ဆိတ်တကောင်၊ ကျပ်၂၀၀ ခန့်ဖြစ်ပါသည်။)
    "ကိုဇင်မော်က ဘယ်မြို့သွားမှာလဲ"
    "လော့စ်အိန်ဂျယ်"
    "ဟာ .. ကျွန်တော်လဲ လော့စ်အိန်ဂျယ်ပဲ"
    ကိုဇင်မော်ကြီး အမေရိကားထွက်သွားချိန် တလခန့်အကြာ၊ ဇွန်လကုန်လောက်မှာ ကျွန်တော်ထံ သူ စာရေးလာပါသည်။ သူ..အလုပ်ရပြီတဲ့။ 
    Shell ဓါတ်ဆီဆိုင်မှာ ငွေကိုင် Casher ပါတဲ့။ ညဖက် ၁၀နာရီမှ နံနက် ၆နာရီထိ၊ တနာရီး ၃ဒေါ်လာခွဲနှုန်း၊ တပတ် ၅ရက်လုပ်ရရာ၊ overtime ၀င်ငွေပါနှင့်ဆို ခု တလဒေါ်လာ ၈၀၀ခန့် ရနေတယ် ..တဲ့၊ ကိုဇာနည်လာရင် အနဲဆုံး အချိန်ပိုင်း တပတ် ၃ရက်သွင်းပေးမယ်တဲ့။ ဘာလို့ဆို သူဌေးတွေက လူမရှိ၍ စနေ၊ တနင်္ဂနွေ ၀င်လုပ်နေရ၍ အနဲဆုံး ၊ တပတ် ၃ရက် ရမည်ဆိုပဲ၊

    ကဲ .. အမေရိကားရောက်ဖူးတဲ့ ကျွန်တော်၊ ခုတခါတော့ သူတို့မြို့ပေါ်မှာ အမြိုင့်သားနေရဖို့ အလုပ်ရဖို့က သေချာနေပြီ၊ အမေရိကားသွားဖို့ လေယာဉ်ခလည်း မပူရ၊ ခု စာရသလို ၃ရက်အလုပ်ရတယ်ဆိုအုန်း၊ တလ overtime နဲ့ဆိုရင် ဒေါ်လာ ၄၀၀ခန့် သေချာနေပြီ၊ ၀င်ငွေခွန်ဒေါ်လာ၅၀ နှုတ်အုန်း၊ မိမိ အချိုးကျ ထည့်ဝင်ထားရမဲ့ ဒေါ်လာ၂၀၀ ထပ်နှုတ်အုန်း၊ ဒီမှာ စားသုံးဖို့ တလ ဒေါ်လာ၁၅၀က ပြေးမလွတ်၊
   အမေရိကားမှာ နေဖို့၊ စားဖို့၊ ၀င်ငွေရဖို့ မပူရတော့ ဗီဇာရရှိရေး နဲ့ ဟိုရောက်ရင် တရားဝင်နေထိုင်နိုင်ရေး (နေခွင့်) ရပေမဲ့ တရားဝင်အလုပ်လုပ်ခွင့် ရဖို့ ဗီဇာ Work Permit ရဖို့ အရေးကြီးသည်ကိုး)၊ ဒီအကြောင်းတွေကို ကိုပြုံးနဲ့တေဇ ပြောပြတော့၊ ကိုပြုံးလည်း မရိုးမရွဖြစ်လာသည်။
   "ငါလည်း သွားချင်တယ်ကွာ" ..တဲ။
   ကျွန်တော်မှ ငါအဆင်ပြေရင် ခေါ်မယ်ပြောပြီး ဘေးမှ တေဇကို ကြည့်တော့
   "ကျွန်တော်က မီလျှံနာလုပ်ချင်တယ်" ..တဲ့၊

   သူတကယ်ချမ်းသာပါသည်။
   ထိုစဉ်က ၁၉၈၇ခုနှစ်၊ ကျွန်တော်သင်္ဘောသား၊ သင်္ဘောလိုက်၊ ငွေစုပြီး ၃နှစ်တကြိမ်၊ ကားသွင်းပါက ပုံမှန်ကားတစီး၊ ကျပ်၂သိန်းခန့်ရရာ၊ ထိုစဉ်က တမိသားစုလုံး ပေါပေါလျံလျံ သုံးသည်။ တလ ကျပ်၃၀၀၀ မရှိချိန် သူပြောပုံကို ကြည့်ပါအုန်း။
   ပင်လယ်မင်းသား၊ ပင်လယ်အကျဉ်းသား၊ သူဌေးလေးတွေကို တနေ့ ဂေါက်သီးကစားပြီးချိန်၊ စားသောက်ပွဲတွင် သူငြီးနေပါသည်ခင်ဗျား။
   ကိုကြီးရေ .. ဒီလတော့ ဘာဖြစ်လို့ ၊ ညာဖြစ်လို့ .. ၃သိန်းပဲကျန်ပါသတဲ့။
   မြတ်စွာဘုရား..၊ ကျွန်တော်တို့တတွေ ကားပြန်ရောင်းမှ ၃နှစ်မှ ငွေ၂သိန်းခန့်ရလို့၊ သူဌေးလုပ်နေချိန် တလ ၃သိန်းပဲရလို့ ငြီးနေတာ နားနဲဆတ်ဆတ် ကြားခဲ့ရပါသည်။

 

အခန်း(၁) ဆက်ရန်။
ကိုဇာဏီညွန့်၏ မြန်မာပြည်ကိုချစ်သည် (စစ်ရေး၊ နိုင်ငံရေး၊ မြန်မာပြည်ရှေ့ရေး၊ အတွေ့အကြုံစာအုပ်) ၁၉၈၇ မှ ယခုအချိန်ထိ အနှစ်၂၀ကျော် ဘ၀အတွေအကြုံ)။

Sunday, 29 May 2011

စာရေးသူ၏အမှာစာ

   စာရေးသူ၁၀တန်း စာမေးပွဲ စဖြေချိန် ၁၉၇၂ ခုနှစ် မတ်လတွင်၊ အသက်၁၆နှစ် မပြည့်သေးပါ။ ထိုအချိန်ထိတိုင် ၀တ္တုစာအုပ် တခါမျှ မဖတ်ဖူးသေးပဲ၊ ကာတွန်းစာစောင်လောက်ပဲ ဖတ်ဖူးပါသေးသည်။ ၁၉၇၃ခုနှစ် မေလခန့် ဗိုလ်မှုးကြီးတင်မောင်ရေးသားသော "တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်" စာအုပ်ကို ပထမဆုံး စဖတ်မိပြီး၊ ဖခင်ဖြစ်သူ လေ-၁၀၂၄ ဒုဗိုလ်မှုးကြီးအောင်ညွန့် လေကြောင်းဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ် ၏ ကိုယ်တွေ့ တိုက်ပွဲအတွေ့အကြုံများကို မေးမြန်း (ရေးသား) မိပါသည်။ ထိုမှ ဖခင်ဖြစ်သူအား ပေးဖတ်ရာမှ သူလဲ   အံ့အားသင့်သွားရင်း အသေးစိတ် ထပ်ပြောရင်းမှ ကျွန်တော်၏ ပထမဆုံး လုံးချင်းဝတ္တုစာအုပ်ဖြစ်သည့် " ပြည်တွင်းစစ်နှင့်လေကြောင်းအကူ" ကို ၁၉၇၄ခုနှစ်ဆန်း ဖေဖေါ်ဝါရီတွင် တပြည်လုံး စတင်ဖြန့်ချိနိုင်ခဲ့ရာ၊ စတင်ရေးသားချိန် ၁၉၇၃ နှစ်လည် ၁၇နှစ်သားခန့်တွင် စတင်ရေးသားခဲ့ပါသည်။

    ထိုစာအုပ် ထုတ်ဝေခဲ့ရာ၌ လက်ဦးဆရာဆိုရမည့် ဗိုလ်မှုးကြီးတင်မောင်မှပင် အမှာစာရေးပေးခဲ့ပြီး ကလောင်နာမည်အား ဗိုလ်မှုးကြီးတင်မောင်ကို ဂုဏ်ပြုသောအားဖြင့် "ဇာနီမောင်" ဟု ပေးခဲ့ပါသည်။

    ထိုစဉ်က နိုင်ငံရေးစာမူများ ရှားပါးနေချိန် လေတပ်မတော် တိုက်ပွဲအချို့အကြောင်း ရေးသားထားသော ထိုစာအုပ် ပြည်တွင်းစစ်နှင့် လေကြောင်းအကူ ထုတ်ဝေခဲ့သောအခါ ဖခင်၏ လုပ်ဖော်ကိုင်ဖက်များမှ ကျွန်တော်ရေးသားခဲ့တာကို လုံးဝ မယုံကြပါ။ ငယ်ရွယ်စဉ် ၁၃နှစ် သားခန့် ဖခင်ဂေါက်သီးကစားချိန်၊ ဖခင်နှင့်အတူ အပတ်စဉ် တပ်မတော်ဂေါက်ကွင်း (မင်္ဂလာဒုံ) သို့ လိုက်ပါ ကြည့်ရှုခဲ့၍ ထိုစဉ်က နိုင်ငံတော် ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ လူကြီးများစွာ၊ ဖခင်၏ လုပ်ဖော်ကိုင်ဖက်၊ သေတူရှင်ဖက်၊ ကြည်း-ရေ-လေ အရာရှိကြီးများစွာကို မျက်မှန်းတန်းနေသလို စာအုပ်ထွက်ချိန်၊ ဖခင်မှ လက်ဆောင်ပေးခိုင်း၍ သွားပေးချိန်၌လည်း ကျွန်တော်ရေးတာ မယုံကြပါ။

    ဘ၀လေး ကုသိုလ်အရ၊ စာရေးဆရာဖြစ်လာချိန်- မဟေသီမဂ္ဂဇင်း၌ ၁၉၈၅ ခန့်မှ စတင်ကာ သင်္ဘောသား အတွေ့အကြုံများကို မိမိနာမည်ရင်း၌ ဖခင်နာမည်ဖြည့်၍ ဇာဏီညွန့်အောင် ဟု ကလောင်အမည် ယူခဲ့ရာမှ နောင် နိုင်ငံအရေးများ ပါဝင်မိချိန် - တိုင်းရင်းသား လူကြီးများမှ ထိုနာမည်ကို ခေါ်ဝေါ်လာရင်း၊ ဤစာအုပ်ကိုလည်း ထိုကလောင်အမည်ဖြင့် ထုတ်ဝေရပါသည်။

    ထို ပထမစာအုပ်အပြင် ဒုတိယစာအုပ်ဖြစ်သည့် "ဒို့နိုင်ငံကိုလာမထိနဲ့" ၁၉၇၅ ထုတ်ဝေခဲ့ရာ - ထိုစဉ်က ဖခင်ဖြစ်သူမှ အလုပ်တာဝန်ဖြင့် မြန်မာတနိုင်ငံလုံးမှ လေယာဉ်ကွင်းများ လိုက်စစ်ရာတွင် လိုက်ပါသွားရာမှ မေမြို့၊ စစ်တက္ကသိုလ် သို့ ၀င်ရှောက်ခဲ့ပါသည်။ ဖခင်၏ နှစ်မ၀မ်းကွဲ၏ သား၊ ကျွန်တော့၏ နှစ်ဝမ်းကွဲ - အစ်ကို - ကိုမျိုးသန့် (ဗိုလ်ကြီး - အငြိမ်းစား DSA Intek - Intake 18 - ကြည်း 13987) မှာ DSA အပတ်စဉ် ၁၈ - ဒုတိယနှစ်ကျောင်းသားဖြစ်နေရာ၊ သူနှင့် သွားတွေ့ရင်း သူစားဖို့ ငါးပိကြော်ဗူးများ နှင့် စားစရာများ ၀င်ပေးခဲ့ရာ - ငယ်ရွယ်စဉ် ၃တန်းကတည်းကစ ကျောင်းနေဖက် class-mate သူငယ်ချင်းဖြစ်သည့် ရဲအောင်တိုးမှာ တတိယနှစ် ကျောင်းသား (DSA Intake 17) ဖြစ်နေရှာသူလဲ တွေ့ခဲ့ရပါသည်။

    TTC လေ့ကျင့်ရေးကျောင်းတွင် ကျောင်းနေဖက် ဖြစ်ခဲ့ကြသည့် ယနေ့ လေတပ်ဗိုလ်မှုးချုပ် ဇင်ယော်- ရေတပ်ဗိုလ်မှုးချုပ် ဦးလွင်နှင့် လေတပ်ဗိုလ်မှုးကြီးဖြစ်ခဲ့သူ ကိုစည်သူတို့ကိုမူ မတွေ့ခဲ့ရပါ။ သူတို့  ၃ဦးစလုံး DSA Intake 19 မှ ဖြစ်ကြပါသည်။

   နောင်နှစ် 1975 Feb လတွင် ထုတ်ခဲ့သည့်  "ဒို့ နိုင်ငံကိုလာမထိနဲ့" ၏ အဆက် တတိယစာအုပ်ဖြစ်သည့် "မဲခေါင်းမြင်ကွင်းကျယ်" မှာ ထုတ်ဝေခွင့်မရခဲ့ပါ။ ထိုစာအုပ်တွင် 1947 ခုနှစ် ဒီဇင်ဘာ၁၅ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့်၊ မြန်မာ့လေတပ်မတော် ရာဇ၀င်တွင် တကြိမ်တည်းသာ လေယာဉ်ချင်း စီးချင်းတိုက်ပွဲဖြစ်ခဲ့သည်။ 1961 ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြောင်း ရေးသားခဲ့ပါသည်။

    ထိုတိုက်ပွဲတွင် ခေါင်းဆောင်ခဲ့သူ ဗိုလ်ကြီးမောင်သိန်း (ကျဆုံး) နှင့်အတူ၊ တိုက်ပွဲဝင်ခဲ့ကြသည့် တောင်ကြီးမြို့သား ဗိုလ်ပီတာ (ထိုတိုက်ပွဲတွင် တရုပ်ဖြူ လေယာဉ်ကြီးမှ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ နယ်မြေထဲ ထိုးဆင်း၊ပျက်ကျ၊ ကျဆုံးခဲ့ရသူ) အပြင် လေသူရဲ ဗိုလ်ချစ်ခိုင် (ဗိုလ်မှုး - သူရချစ်ခိုင် - ယခုမသိရ) လဲ ပါခဲ့ရာ၊ ထိုစဉ်က ၁၉၇၆ ခုနှစ် တပ်မတော်အရာရှိ တစ်စုကို ဦးဆောင်ရင်း ပြောင်းလဲရေး ကြိုးစားခဲ့သူ၊ ဗိုလ်ကြီးအုန်းကျော်မြင့် နှင့် အိမ်နီးချင်းဖြစ်နေ၍ ဟု ဆိုကာ စာပေစီစစ်ရေးအဖွဲ့မှ ပုံကြီးချဲ့လာရင်း ထို လေသူရဲ့ ဗိုလ်ချစ်ခိုင်အကြောင်း ထည့်မရေးရန် တားပါသည်။
    တားမြစ်ခဲ့သူ ပုဂ္ဂိုလ်မှာလည်း လေတပ်အရာရှိဟောင်း ဖြစ်ခဲ့ပြီး၊ ကျွန်တော်ရော၊ ကျွန်တော့ဖခင်မှပါ - ဤစာအုပ်၏ အဓိက ဇတ်ကောင်ဖြစ်နေသူ ဗိုလ်မှုး သူရချစ်ခိုင် အကြောင်း ဖြုတ်ပယ်ပေးရန် သဘောမတူခဲ့ကြသဖြင့် ထိုစာအုပ် ထုတ်ဝေခွင့်မရခဲ့ပါ။

    ၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာရာ ၁၉၈၈ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် မြန်မာပြည်ပြန်ရန်၊ စီစဉ်ထားခဲ့သော်လည်း ၈၈၈၈ အရေးအခင်းကြောင့် တနိုင်ငံလုံး လေယာဉ်ကွင်းများ ပိတ်ထားသည် - ထိုင်းနိုင်င့ဘန်ကောက်မြို့ထိသာ သွားနိုင်မည်ဟု သြဂုတ်လ ၉ ရက်နေ့ (Korea) Air Line မှ ဖြေကြားခဲ့၍ မိသားစုထံ ဖုန်းခေါ်ခဲ့ရာ၊ ယောက္ခမဖြစ်သူ ဦးသာဒိုး (ကြည်း ၆၄၈၆) ဗိုလ်သင်တန်း အပတ်စဉ် ၈၊ ဒုညွန်ကြားရေးမှုးချုပ်၊ အကျဉ်းဦးစီးဌာန ၁၉၇၈-၁၉၈၈ မှ "ဒီမှာ အခြေအနေမကောင်းဘူး၊ မိသားစု ခေါ်နိုင်ဖို့ လုပ်"  ဟု ပြောခဲ့၍ စုထားသမျှ ဒေါ်လာ၆၀၀၀ ခန့်နှင့် မိသားစု ခေါ်နိုင်ရန် ကြိုးစားရင်း၊ ဇနီးခိုင်နှင့် သမီး၂ဦးပါ၊ ၁၉၈၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့၌ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်မြို့သို့ ရောက်လာကြပါသည်။

    ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့၊ တပ်မတော်မှ စစ်အာဏာသိမ်းပြီးချိန်ရော၊ ထိုမတိုင်မှီကာလတွင်ပါ မြန်မာစစ်သားအချို့၏ ရမ်းကားပစ်ခတ်မှုကြောင့် ကျွန်တော်တို့နေသည့် ကြည့်မြင်တိုင် - ဈေးကြီးအရှေ့ရပ်ကွက်၊ ပိတောက်ပင်လမ်း (အထက်) လမ်းနေ ဒေါ်ခင်သိုက် ခမျှာ၊ မိမိအိမ်ထဲမှာ နေရင်း ဘယ်ကရောက်လာမှန်း မသိသည့် ကျည်ဆံမှန်ကာ ချက်ချင်းသေဆုံးသွားခဲ့ရာမှ ဘာလမ်းထဲကိစ္စနှင့် သွားနေသည့်၊ ညီငယ် ကိုသီရိညွန့်မှာလည်း စစ်သားများ ရမ်းကားပစ်ခတ်မှုကို ခံခဲ့ရရာ၊ စစ်တပ်၏ ရမ်းကားမှုများကို မျက်မြင်ကိုယ်တွေ့ခဲ့ရာမှ ထိုင်းနိုင်ငံသို့ သူငယ်ချင်းများနှင့် ထွက်လာခဲ့၍ အစ်ကိုမှ ညီဖြစ်သူထံသို့ သုံးစွဲငွေ ပေးပို့သည်ကို၊ အမေရိကန်နိုင်ငံရောက် သတင်းပေးများမှ ပုံကြီးချဲ့လာ၍ သူတို့နဲ့ ထိပ်တိုက်တွေ့ရင်း၊ မိမိမှန်တယ် ထင်သလို အမှန်တရားဖက်က ရပ်တည်ခဲ့ပါသည်။

    မိမိဘ၀တလျှောက် ဘယ်တုန်းကမှ နိုင်ငံရေး မလုပ်ခဲ့ပဲ၊ တက္ကသိုလ် ကျောင်းသားဘ၀၊ ဦးသန့်အရေးအခင်း ဖြစ်စဉ်ကသာ ဦးသန့်အလောင်း သွားကြည့်ခဲ့တာ ပါခဲ့မိဘူးပြီးနောက် နိုင်ငံရေး ကင်းကင်းနေခဲ့ပါသည်။ ဘကြီးဖြစ်သူ ၀န်ကြီးဟောင်း ဦးကျော်မြင့်လေးမှလည်း "မိုးဘူး - နိုင်ငံရေးမလုပ်နဲ့"  အမြဲပြောခဲ့၍ ငယ်စဉ်က The Dynamites Band တီးဝိုင်းတွင် ၁၉၇၃ မှ ၁၉၇၈ ထိ မန်နေဂျာလုပ်ရင်း ၀ါသနာပါရာ စာအုပ်ထုတ်ဝေခြင်း .. ဇာနည်စာပေဖြန့်ချိရေး လုပ်ရင်း အေးချမ်းစွာ နေခဲပါသည်။

    မြန်မာ့ လေတပ်မတော် စတင် တည်ထောင်ခဲ့သူ တဦး၏ သား၊ စစ်သား၏သား၊ ကျွန်တော်သည် တပ်မတော်ကို အမြဲလေးစားခဲ့သော်လည်း၊ စစ်အာဏာရှင်များကို အမြဲဆန့်ကျင်ခဲ့ရာမှ ယနေ့ထိ မြန်မာပြည် ပြန်မရောက်တာ ၂၃နှစ် ရှိပါပြီ - (ပြည်ဝင်ခွင့်ဗီဇာလုံးဝမရခဲ့ပါ)
    ဤနိုင်ငံတွင် နေထိုင်နေစဉ် မိမိ-မိသားစု-မိတ်ဆွေများသာမက မြန်မာမိသားစုများစွာရော၊ အခြားနိုင်ငံများမှ တရားမ၀င်နေထိုင်နေကြသူ ၁၁သန်းကျော်ခန့်ကိုပါ ဤ အမေရိကန်နိုင်ငံတွင် တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရနိုင်စေရန်အတွက် အမေရိကန်နိုင်ငံ လူဝင်မှုဌာန INS သို့ Immigration Reform Ideas များကို ၁၉၉၀ ခန့်တွင် တင်ပြနိုင်ခဲ့ပါသည်။

    သို့အတွက်လည်း အမေရိကန်နိုင်ငံ INS ဌာန မင်းကြီးများရော၊ အမေရိကန်နိုင်ငံ သမ္မတကြီး ဂျော့ဘုရှ် - သမ္မတကြီး ရောနယ်ရီဂင် တို့နှင့်ပါ၊ တွေ့ဆုံခွင့် အကြိမ်ကြိမ်ရရင်း၊ မိသားစုရင်းပမာ ချစ်ခင်နေထိုင်ခဲ့ရာမှ အမေရိကန်နိုင်ငံရေးတွင် ပါဝင်မိလာပါသည်။
     ထိုမှ ABSDF ကျောင်းသားအဖွဲ့ ကိုယ်စားလှယ် - NCGUB အဖွဲ့၏ ရုံးညွန်ကြားရေးမှုး တာဝန်များအပြင် DAB တိုင်းရင်းသား ခေါင်းဆောင်များနှင့်ပါ ခင်မင်ရင်းနှီးရင်း မိမိအတွေ့အကြုံ တို့ကို "မြန်မာပြည်ကိုချစ်သည်" အမည်ဖြင့် ကွန်ပြူတာ စာစီစာရိုက်ခဲ့ပါသည်။ ယနေ့ ၂၀၁၀ မှာလည်း ၁၉၄၈ ခန့်ကလို မြန်မာပြည်သူအများ ဤအကြောင်းများကို ရှင်းရှင်းကြီး သိရှိရစေရန်နှင့်၊ အနာဂါတ် မြန်မာပြည် ရှေ့ရေး ဆုံးဖြတ်နိုင်ရန် - ပြန်ပြီးရေးသားခဲ့ပါသည်။

     မြန်မာပြည်မှာ မြန်မာလူငယ်တွေ အရည်အချင်း ရှိပါလျှက် နေရာမရ၊ ချောင်ထိုးခံရတာတွေ၊ တိုင်းပြည်အတွက် မည်မျှ စေတနာထား ကြိုးစားခဲ့တာတွေ အပြင်၊ မြန်မာပြည်ရှေ့ရေးကို ၁၉၄၇ - ၁၉၄၈ ခန့် ကာလကလို နိုင်ငံရေးသမား (ညစ်ကြီးများနှင့် ရေပေါ်ဆီများ ချယ်လှယ်တာ ခံရ၍ နိုင်ငံ၏ သားကောင်းများစွာ၊ မြန်မာ့တပ်မတော်ဖက်မှရော၊ ကွန်မြူနစ်၊ ရဲဘော်ဖြူ - ကရင် - ကချင် တိုင်းရင်းသားတွေပါ၊ မယောင်မလည် ခံရတာတွေ ထပ်မဖြစ်စေရန် အဓိကထား၍ ဤစာအုပ်ကို ကြိုးစားရေးလိုက်ရပါသည်။

    မြန်မာနိုင်ငံသားကို ဘယ်တုန်းကမျှ မစွန့်လွှတ်ခဲ့၍ မိမိကိုယ်ကို မြန်မာလူမျိုး ဟု သာ သတ်မှတ် ထားသလို၊ ကျွန်တော်မွေးဖွားခဲ့ရာ "မြန်မာပြည်ကိုချစ်ပါသည်"
    ဤ မြန်မာပြည်ကို ချစ်သည် စာအုပ်ကို ရေးသားထုတ်ဝေရခြင်းကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်း၊ သာယာ တိုးတက်နိုင်ရေး အထောက်အကူပြုခဲ့ပါလျှင် ကျွန်တော် အထူးဝမ်းသာရပါမည်။

 မြန်မာပြည်ကိုချစ်သည်
 ထာဝရဦးညွန့်လျှက်
 ဇာဏီညွန့်အောင်